Monday, September 7, 2015

ရော်နယ် ဒိုကိုPSGအသင်းပေါင်သန်း၁၁၀နဲ့ကမ်းလှမ်း

Cristiano Ronaldo ဟာ ပြင်သစ် လိဂ် ချန်ပီယံ ပီအက်စ်ဂျီ အသင်းရဲ့ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ နောက်အကျဆုံး ကမ်းလှမ်း ခံခဲ့ရတယ်လို့ သတင်းဖော်ပြချက်တွေ အရ သိရပါတယ်။

ဘရာဇီးလ် သတင်းဌာန တစ်ခုဖြစ်တဲ့ Globo Esporte က အခိုင်အမာ ဖော်ပြခဲ့တာကတော့ ပြင်သစ် ကလပ် ပီအက်စ်ဂျီဟာ ဒိုလေး ကို ခေါ်ယူဖို့အတွက် ရီးရဲမက်ဒရစ် အသင်းထံ ကမ္ဘာ့ စံချိန်တင်ဈေး စတာလင်ပေါင် ၁၁၀ သန်း နဲ့ ကမ်းလှမ်းခဲ့ တယ်ဆိုတာပါပဲ။

ဒါပေမယ့်လည်း ထို ကမ်းလှမ်းမှု ကို ရီးရဲမက်ဒရစ် အသင်းက ချက်ချင်းဆိုသလို ပယ်ချခဲ့တယ်လို့ သိရပါတယ်။

တစ်ကယ်လို့ ပီအက်စ်ဂျီ အသင်းရဲ့ ကမ်းလှမ်းမှုသာ အောင်မြင်ခဲ့မယ်ဆိုရင်တော့ ဒိုလေးဟာ ကမ္ဘာ့ဈေးအကြီးဆုံး ဘောလုံးသမား အဖြစ် စံချိန်တင်သွားမှာ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံရဲ့ The Ligue 1 ချန်ပီယံ ဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းဟာ ဒိုလေး ကို အရမ်း သဘောကျနေပြီး နောက်နှစ်နွေရာသီမှာလည်း ထပ်မံ ကမ်းလှမ်းသွားဦးမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ပီအက်စ်ဂျီ အသင်းရဲ့ တိုက်စစ်မှုး Zlatan Ibrahimovic ရဲ့ စာချုပ်သကပ်တမ်းဟာလည်း ဒီနှစ်ဘောလုံးရာသီ အဆုံးမှာ ကုန်ဆုံးမှာ ဖြစ်တဲ့အတွက် လာမယ့် နွေရာသီ အပြောင်းအရွှေ့ ကာလဟာ ပီအက်စ်ဂျီ အသင်း အတွက် ဒိုလေးကို ခေါ်ယူဖို့ လိုအပ်လာတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းမှာလည်း ပြင်သစ် ပြည်တွင်း သတင်းဌာန တွေက ပေါ်တူဂီ အသင်းရဲ့ ကပ္ပတိန် ဒိုလေးဟာ ပီအက်စ်ဂျီ အသင်းရဲ့ ကစားသမား ခေါ်ယူမယ့် စာရင်းမှာ ထိပ်ဆုံးက ရှိနေတယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။


Credit:ThitHtooLwin

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...