Tuesday, September 8, 2015

မဲဆွယ်စည်းရုးသည့်ကာလရောက်သည့်တိုင်ကိုယ်စားလှယ်လောင်းစီစစ်မှုမပြီးသေး

 နိုင်ငံရေးပါတီများ တ ရားဝင်မဲဆွယ်စည်းရုံးမှုကာလ စတင်သည့်တိုင် ကန့်ကွက်ခံ ကိုယ်စားလှယ်လောင်း အယူခံ ကိစ္စများ ရှိနေသဖြင့် စိစစ်မှုမှာ မပြီးပြတ်သေးကြောင်း သတင်း ရရှိသည်။

‘‘စိစစ်မှုက မပြီးသေးဘူး။ အယူခံတွေ စိစစ်နေရတုန်းပဲ’’ ဟု ရန်ကုန်တိုင်းဒေသကြီး ကော်မ ရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၈ ရက်တွင် ပြော သည်။

 ရန်ကုန်တိုင်းဒေသကြီးအ တွင်း ကန့်ကွက်ခံ ကိုယ်စားလှယ် လောင်း ၃၄ ဦး ရှိသည့်အနက် ၂၂ ဦးမှာ ရန်ကုန်တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲသို့ အယူခံတက် လာပြီး ကိုးဦးမှာမူ အယူခံတက်မ လာကြောင်း သိရသည်။

ကိုယ်စားလှယ်လောင်း သုံး ဦးအတွက် အယူခံကာလ ကျန် နေသေးကြောင်း ရန်ကုန်တိုင်းဒေ သကြီး ကော်မရှင်အဖွဲ့ခွဲမှ သိရ သည်။

 ရန်ကုန်တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲသို့ အယူခံတက် လာသူများအနက် သုံးဦးသာ အ ယူခံအောင်ပြီး ၁၁ ဦး ထပ်မံပယ် ချခံရကာ ရှစ်ဦးမှာ စိစစ်ဆဲဖြစ် သည်။

‘‘မနက်ဖြန်တော့ ပြတ် လောက်ပါပြီ’’ ဟု ၎င်းက ပြော သည်။


ထိုသို့ စိစစ်မှုများ မပြီးပြတ် သေး၍ မဲဆွယ်စည်းရုံးမှုကာလ စတင်သည့်တိုင် ကိုယ်စားလှယ် လောင်းအချို့ မဲမဆွယ်နိုင်ကြ သေးကြောင်း သိရသည်။

‘‘ကျွန်တော်တို့ ပါတီက မင်္ဂ လာတောင်ညွန့်မြို့နယ်မှာ ၀င် ပြိုင်တဲ့ ကိုယ်စားလှယ်က ကန့် ကွက်မခံရပေမယ့် ကိုယ်စားလှယ် လောင်းစာရင်းမထွက်လို့ မဲဆွယ် စည်းရုံးရေး မစတင်နိုင်ဘူးဖြစ် နေတယ်’’ ဟု အမျိုးသားဒီမိုကရေ စီ ပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောသည်။

အဆိုပါ ပါတီဝင်တစ်ဦးဖြစ် သူ ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ ခဲ့သော အမျိုးသမီးအမတ်တစ်ဦး လည်း ကန့်ကွက်ခံရပြီး ရန်ကုန် တိုင်း ဒေသကြီး ကော်မရှင်အဖွဲ့ ခွဲကပါ ပယ်ချသဖြင့် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်သို့ အ ယူခံဆက်တက်မည်ဖြစ်ကြောင်း သိရသည်။

‘‘ကျွန်တော်တို့ကတော့ မဲ ဆွယ်စည်းရုံးမှု ကာလကို အပြည့် သုံးချင်တာပေါ့’’ ဟု ဦးသိန်းညွန့် က ပြောသည်။

နိုင်ငံရေးပါတီများ တရား ၀င် မဲဆွယ်စည်းရုံးမှုကာလကို စက်တင်ဘာ ၈ ရက်မှ စတင်ခွင့် ပြုပြီး ရက်ပေါင်း ၆၀ ခွင့်ပြုထား သည်။

‘‘ခရိုင်က ပယ်ချတာကို ခုနစ် ရက်အတွင်း အယူခံဝင်ခွင့်ကို ဥပဒေက ပေးထားတော့ သူတို့ အယူခံတက်တာ နောက်ကျတာနဲ့ စိစစ်မှုကလည်း ကြန့်ကြာမှုတွေ ဖြစ်ကုန်တာပေါ့’’ ဟု ကော်မရှင် တာဝန်ရှိသူက ရှင်းပြသည်။

စိစစ်မှု အောင်မြင်ပြီးသော ရွေးကောက်ပွဲ ၀င်ရောက်ယှဉ် ပြိုင်ခွင့်ရ ကိုယ်စားလှယ်လောင်း များစာရင်းကို စက်တင်ဘာ ၄ ရက်တွင် စတင်ကြေညာခဲ့ပြီး တစ် နိုင်ငံလုံး၌ ကန့်ကွက်ခံရသူ ၈၈  ဦး ရှိသည်
7daydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...