ရေကြီးနစ်မြုပ်မှုကြောင့် ခေတ္တရပ်နားခဲ့သော ပြည်ပဆန် တင်ပို့မှုကို ပင်လယ်ရေကြောင်းမှ သာမက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှလည်း အကန့်အ သတ်ဖြင့် ပြန်လည်တင်ပို့ရန် ခွင့် ပြုလိုက်ကြောင်း သတင်းရရှိ သည်။
မြန်မာနိုင်ငံတွင် သြဂုတ်လ ဆန်းက ကြုံတွေ့ခဲ့ရသော ရေ ဘေးဒုက္ခကြောင့် ပြည်ပသို့ ဆန် တင်ပို့မှုကို တစ်လခွဲခန့်ရပ်နားရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် က စီးပွားကူးသန်းဝန်ကြီးဌာနသို့ တောင်းဆိုခဲ့သဖြင့် ရပ်နားခဲ့ သည်။ ထို့နောက် ပြည်ပသို့ ဆန် ပြန်လည်ရောင်းချမှုကို စက်တင် ဘာ ၁၅ရက်တွင် ခွင့်ပြုရန်မူလက စီစဉ်ထားသော်လည်း ပြည်တွင်း စားနပ်ရိက္ခာအခြေအနေကို စိုးရိမ် သဖြင့် ပင်လယ်ရေကြောင်းမှ တင်ပို့ခွင့်ကိုသာ စီးပွားကူးသန်းဝန်ကြီးဌာနက လိုင်စင်ပြန်လည်လျှောက်ခွင့်ပြုသည်။
မြန်မာနိုင်ငံ၏ ပြည်ပသို့ဆန် ရောင်းချရာတွင် ယခုနှစ်ပိုင်း၌ နယ်စပ်ကုန်သွယ်ရေးမှ အများဆုံး ဖြစ်နေပြီး ယခင်ဘဏ္ဍာနှစ်က ပြည်ပသို့ ဆန်တင်ပို့ရာတွင် ၇၀ ရာခိုင်နှုန်းကျော်သည် နယ်စပ်ကုန်သွယ်ရေးဖြင့်သာရောင်းချခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် စက်တင်ဘာ ၁၅ရက်တွင် ရန်ကုန်မြို့ရှိအသင်းချုပ်ရုံး၌ ကုန်သည်များ စုပေါင်းအစည်းအဝေးပြုလုပ်ပြီး စီးပွားကူးသန်းဝန်ကြီးဌာနထံနယ် စပ်မှ ဆန်ရောင်းချခွင့်ပြုရန်တင် ပြရာတွင် အကန့်အသတ်ဖြင့်ခွင့် ပြုပေးခြင်းဖြစ်သည်။
‘‘အစည်းအဝေးပြုလုပ်ပြီးအ သင်းချုပ်က တင်ပြလို့ နယ်စပ်ကပြန်ခွင့်ပြုတာပါ။ ဒါပေမဲ့ အကုန်ရောင်းလိုက်လို့ မရဘူး။ အရန်ဆန်ထားရမယ်’’ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကပြောသည်။
နယ်စပ်မှ ပြည်ပသို့ဆန်တင် ပို့မှုကို ခွင့်ပြုရာတွင် လိုင်စင်တစ် စောင်အတွက် တန်ချိန်ငါးရာသာ ခွင့်ပြုပြီးလိုင်စင်လျှောက်ထားမှု ကို နေပြည်တော်၌သာပြုလုပ်ရ မည်ဖြစ်သည်။ ယခင်က ပို့ကုန် လိုင်စင်ကို ရန်ကုန်၊ မန္တလေးမြို့ များတွင် လျှောက်ထားနိုင်သည်။ လိုင်စင်လျှောက်ထားရာတွင်ဝန် ကြီးအစည်းအဝေးဆုံးဖြတ်ချက် ဖြင့်သာ မည်မျှခွင့်ပြုမည်ကိုဆုံး ဖြတ်သည့်ပုံစံမျိုးဖြစ်နေသည်။
ယခင်က ဆန်တင်ပို့ရန်လိုင် စင်လျှောက်ထားရာတွင် ၀န်ကြီး ဌာနများမှ အရာရှိများ၏ဆုံးဖြတ် ချက်ဖြင့်အချိန်တစ်ရက်၊ အများဆုံးနှစ်ရက်သာကြာသော်လည်း ယခုအခါတွင် ၀န်ကြီးအစည်းအဝေးဆုံးဖြတ်ချက်ဖြင့်သာ ခွင့်ပြုမည်ဖြစ်သည့်အတွက် လိုင်စင်တစ်ခုလျှင် တစ်ပတ်ခန့်အနည်းဆုံးကြာမြင့်နိုင်ကြောင်း ပြည်ပသို့ ဆန်တင်ပို့နေသည့် လုပ်ငန်းရှင်ဦးမျိုးသူရအေးက ပြောသည်။
ပို့ကုန်လိုင်စင်သက်တမ်းမှာ လည်း နယ်စပ်မှတင်ပို့မည်ဆိုပါ က ရက် ၃၀ သတ်မှတ်ထားပြီးပင်လယ်ရေကြောင်းမှ တင်ပို့မည်ဆိုပါက ၄၅ရက်သတ်မှတ်ထား သည်။ ထို့အပြင် လျှောက်ထား သော လိုင်စင်များကို သက်တမ်း တိုးခြင်း ခွင့်ပြုမည်မဟုတ် ကြောင်းနှင့်သတ်မှတ်ထားသော လိုင်စင်များကို ခွင့်ပြုထားသော သက်တမ်းအတွင်း တင်ပို့နိုင်ခြင်း မရှိပါက ပြန်လည်စိစစ်ပြီးမှ ခွင့် ပြုပေးမည်ဟုသိရသည်။
ထို့အပြင် နယ်စပ်မှ ရောင်း ချမည်ဆိုပါက လိုင်စင်လျှောက် ထားသောတင်ပို့မည့်ဆန်၏ ၂ရာ ခိုင်နှုန်း အရန်ဆန်အနေဖြင့်ထားရှိ ပြီး သဘောဝဘေးအန္တရာယ်ကြုံ တွေ့ချိန်တွင် အရေးပေါ်အခြေအ နေအရ လိုအပ်ပါက စတင်သို လှောင်ချိန်၌ ဖြစ်ပေါ်ခဲ့သည့် ဆန်ပေါက်ဈေးနှုန်းဖြင့် နိုင်ငံတော် ၏အစီအစဉ်အတိုင်း ရောင်းချပေး ရမည်ဖြစ်သည်။ သဘာဝဘေးအ န္တရာယ်အတွက် အရန်ဆန်ထားရှိ ရမည့်သက်တမ်းကို လိုင်စင်ခွင့် ပြုချိန်မှ ခြောက်လအထိသတ် မှတ်ထားရှိမည်ဖြစ်ပါသည်။
သိုလှောင်ထားသောအရန် ဆန်များ၏အခြေအနေနှင့် ပတ် သက်၍လည်း စီးပွးရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် အဖွဲ့က တစ်လတစ်ကြိမ်ကွင်း ဆင်း စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် ကြုံတွေ့ခဲ့ ရသော ရေဘေးအန္တရာယ်ကြောင့် သြဂုတ်လဆန်းပိုင်းမှစတင်၍ ပြည်ပသို့ ဆန်တင်ပို့မှု ခေတ္တရပ် ဆိုင်းခဲ့သည်။ ယင်းသို့ ပြည်ပတင် ပို့မှုကို ခေတ္တရပ်ဆိုင်းရခြင်းမှာ ပြည်တွင်း၌ ဆန်လက်ကျန်နှင့် ဈေးနှုန်းမြင့်တက်မည့်အခြေအ နေကို ထိန်းချုပ်လိုခြင်းကြောင့်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌဦးချစ်ခိုင်က ယင်းအချိန်က မီဒီယာများနှင့် တွေ့ဆုံပွဲ၌ ပြော ကြားထားသည်။
လက်ရှိအချိန်တွင် ပြည်တွင်း ၌ ဆန်လက်ကျန် နိုဝင်ဘာထိရှိ နေခြင်း၊ မိုးစပါးအချို့ စတင်ပေါ်လာခြင်းစသည်တို့ကြောင့် ပြည်ပတင်ပို့ခွင့်ကို ပြန်လည်ခွင့်ပြုသော်လည်း ပြည်တွင်းစားနပ်ရိက္ခာဖူလုံမှုအတွက် မြန်မာနိုင်ငံ၏ အဓိကဆန်ဈေးကွက်ဖြစ်သော နယ်စပ်ကုန်သွယ်ရေးကို လတ်တ လောတွင် ထိန်းချုပ်နေရခြင်းဖြစ် သည်ဟု ဆန်ကုန်သည်များကခန့် မှန်းနေကြသည်
7daydaily
No comments:
Post a Comment