ဥရောပသမဂ္ဂ(အီးယူ)အနေဖြင့် အနာဂတ်တွင် ရွှေ့ပြောင်းနေထိုင်သူများကို အရေအတွက်အကန့်အသတ်ဖြင့်သာ လက်ခံသင့်ပြီး ကျန်ရွှေ့ပြောင်းနေထိုင်သူများအားလုံးကို ၎င်းတို့ ၏ မိခင်ဒေသများရှိ ဘေးကင်းလုံ ခြုံရာ နိုင်ငံတစ်နိုင်ငံသို့ ပြန်ပို့သင့် သည်ဟု ဂျာမနီပြည်ထဲရေး ၀န်ကြီးက ပြောသည်။
ပဋိပက္ခဖြစ်နေသော ဒေသများမှ (သို့မဟုတ်) ဆင်းရဲမွဲတေမှုကြောင့် ထွက်ပြေးလာပြီး ဥရောပ (သို့မဟုတ်) ဂျာမနီနိုင်ငံသို့ လာရောက်လိုသူအားလုံးကို မိမိတို့ လက်မခံနိုင်ဟု ဂျာမနီပြည်ထဲရေး ၀န်ကြီးသောမက်စ်ဒီမိုင်ဇီယာရီ က ပြောသည်။
ဥရောပအနေဖြင့် ဒုက္ခသည်အများအပြားလက်ခံခြင်းမပြုဘဲ တာဝန်ယူနိုင်သည့် လူအရေအတွက်ကို ကန့်သတ်၍ လူဝင်မှုကြီးကြပ်ရေးဆောင်ရွက်သင့်ပြီး ကန့်သတ်ထားသော
အရေအတွက်အထိ လက်ခံပြီးပါက ကျန်ရွှေ့ပြောင်းနေထိုင်သူများကို ဖိနှိပ်မခံရဘဲ လုံခြုံစွာ နေထိုင်နိုင်မည့် မူလဒေသရှိ နေရာတစ်ခုသို့ ပြန်
လည်ပို့ဆောင်သင့်သည်ဟု ဒီမိုင်ဇီယာရီက ပြောသည်။
ယင်းရွှေ့ပြောင်းနေထိုင်သူများကို လက်သင့်ခံထားသော နိုင်ငံများအား မိမိတို့က ဘဏ္ဍာရေး အကူအညီပေးသင့်သည်ဟု ၎င်းက ထပ်လောင်းပြောကြား သည်။
ဒုက္ခသည်ပြဿနာသည် အီးယူအတွက် ဂရိ၏ ကြွေးမြီပြဿ နာထက် ပိုမိုကြီးမားသော စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်သည်ဟု ဂျာမနီအဓိပတိမာကယ်လ်က သတိပေးထားပြီး
အီးယူအဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းဖြေရှင်းကြရန် တိုက်တွန်းထားသည်။
ထို့အပြင် အီးယူအဖွဲ့ဝင် တစ်နိုင်ငံချင်းစီက ဒုက္ခသည်များကို အချိုးကျလက်ခံရန် မာကယ်လ်က အဆိုပြုထားသော်လည်း ဥရောပတိုက်တစ်ဝန်းလုံးက လက်ခံမည့် ဒုက္ခသည်အရေအတွက်ကိုမူ သတ်မှတ်ထားခြင်း မရှိသေးပေ။
အဖွဲ့ဝင်တစ်နိုင်ငံချင်းစီအတွက် လက်ခံရမည့် ဒုက္ခသည်အရေအတွက်သတ်မှတ်ရေး အီးယူ၏ အဆိုပြုချက်ကို ဗြိတိန်နှင့် ဥရောပအရှေ့ပိုင်းနိုင်ငံများက ပြင်းထန်စွာ
ဆန့်ကျင်ကန့်ကွက်နေကြသည်။
ခိုလှုံ့ခွင့်တောင်းခံသူများ ပထမဆုံးရောက်ရှိလာသော အီးယူအဖွဲ့ဝင်နိုင်ငံထံသို့ ၎င်းတို့ကို ပြန်ပို့ခြင်း၊ အကျိုးခံစားခွင့်များ လျှော့ချခြင်းဖြင့် ခိုလှုံ့ခွင့်ဥပဒေများကို တင်းကျပ်ရန် ဒီမိုင်ဇီယာရီက အဆိုပြုထားသည်။
ခိုလှုံခွင့်တောင်းခံသူများ ၀င်ရောက်လာသည့် ပထမဆုံးအီးယူနိုင်ငံတွင် ခိုလှုံခွင့်တောင်းခံရန် လိုအပ်သော ဥပဒေတစ်ရပ်ကိုလည်း ဒီမိုင်ဇီယာရီက အကောင်အထည်ဖော်စေလိုသည်။
—Ref:AFP
No comments:
Post a Comment