ပြီးခဲ့သည့် ရေကြီးကာ လရေနစ်မြုပ်ခဲ့သော လယ်ယာ မြေများကို ကိုယ့်စရိတ်ဖြင့် ကိုယ် ပြန်လည် စိုက်ပျိုးခဲ့ပြီး ယခုသုံးလေးရက်အတွင်း မြစ်ရေပြန် တက်လာခြင်းကြောင့် စပါးခင်း အချို့ နှစ်ခါ ပြန်ရေမြုပ်ခဲ့ကြောင်း သတင်းရရှိသည်။
‘‘ပြန်စိုက်တာ လေးရက်ရှိ သေးတယ်။ အခု မြစ်ရေပြန်တက် လာတော့ နစ်ကုန်ပြန်ပြီ။ ရက် ကြာကြာ မြုပ်ရင်တော့ ပြုတ်ပြီ’’ ဟု အင်းပေါက်ကျေးရွာမှ စပါး စိုက်တောင်သူ တစ်ဦးက ပြောကြားသည်။
ပျိုးနုတ်ပြန်လည်စိုက်ပျိုးပြီး အမြစ်မခိုင်သေးမီ ရေနစ်သော ကြောင့် စပါးရင့်များကဲ့သို့ ရက် ကြာကြာ ရေမြုပ်ဒဏ်ခံနိုင်မည်မ ထင်ကြောင်းလည်း ၎င်းက ဆို သည်။
ယခုရက်ပိုင်းအတွင်း ဧရာဝ တီမြစ်ရေပြန်လည်မြင့်တက်လာ မှုကြောင့် အောင်လံမြို့နယ်အ တွင်း ရန်ကုန်-ပြည် ကားလမ်းမ ကြီး အနောက်ဘက်ခြမ်း အင်း ပေါက်၊ သံရွာ၊ အင်းကုန်း စသည့် မြစ်ရေတင်လယ်အချို့နှင့် ပြလို့၊ ပြင်းပေါက်ကြားစိုက်ပျိုးပြီး လယ် အချို့ ရေပြန်လည် နစ်မြုပ်ခြင်း ဖြစ်သည်။
ဇေယျကံမလေး၊ သရက် တောစသည့်ကျေးရွာများရှိ စိုက် ပျိုးပြီး လယ်များမှာ မြစ်ရေဝင် ပေါက်ဖြစ်သော သရက်တောရွာ အနီး တာပေါင်ကို ပြီးခဲ့သည့် ရက်များက သက်ဆိုင်ရာက မြှင့် တင်ပေးခဲ့သောကြောင့် မြစ်ရေဝင်ရောက်ခြင်းမရှိသေးကြောင်း ဒေ သခံ ကိုစိုးထက်အောင်က ပြော ကြားသည်။
ဒုတိယအကြိမ် ဧရာဝတီမြစ် ရေမြင့်တက်လာမှုကြောင့် အောင်လံမြို့ပေါ်ရပ်ကွက်များရှိ ကမ်း နားတန်းအနိမ့်ပိုင်း နေအိမ်အချို့ ရေဝင်ရောက်နေပြီး ဘေးလွတ်ရာ နေရာများသို့ ရွှေ့ပြောင်းသူများ ရှိနေသည်
7Daydaily
No comments:
Post a Comment