Sunday, September 20, 2015

အမေရိကန်နိုင်ငံတွင်ယာဉ်စည်းကမ်းချိုးဖောက်သောယဉ်မောင်းအားရဟတ်ယာဉ်ဖြင်ပစ်ခတ့်တား

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၌ ဖောက်ထွင်းမှုတစ်ခုကို ကျူးလွန်၍ ကားမောင်းထွက်ပြေးသည်ဟု ယူဆရသော ယာဉ်မောင်းတစ်ဦးကို ရဲရဟတ်ယာဉ်တစ်စီးပေါ်မှ သေနတ်ဖြင့် ပစ်ခတ်ဟန့်တားခဲ့ကြောင်းနှင့် ယင်းယာဉ်မောင်းသေဆုံးခဲ့ကြောင်း ကန်အရာရှိများက စက်တင်ဘာ ၁၉ ရက်တွင် ပြောသည်။

ယာဉ်မောင်းကို ကားရပ်ရန် အမိန့်ပေးသော်လည်း ၎င်းသည် ကားရပ်ရန် ဆိုင်းဘုတ်များနှင့် မီးနီများကို ဖြတ်သန်းမောင်းနှင်ခဲ့သည်။

ယင်းကားသည် အမြန်လမ်းပေါ်တွင် လမ်းပြောင်းပြန်မောင်းချိန်တွင် ၎င်းကို ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်ဟန့်တားခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။
 
ယင်းဖြစ်ရပ်မှာ စက်တင်ဘာ ၁၈ ရက်တွင် လော့စ်အန်ဂျလိစ်မြို့ အရှေ့ဘက်ရှိ ဒီဗောအရပ်၌ စတင်ဖြစ်ပွားခြင်းဖြစ်သည်။
 
ဖောက်ထွင်းမှုတစ်ခုကို ကျူးလွန်၍ Cherolet Tahoe SUV ကားဖြင့် ထွက်ပြေးသည်ဟု ယူဆသော ယာဉ်မောင်းသည် လူနေရပ်ကွက်များအတွင်း၌ တစ်နာရီလျှင် မိုင် ၁၀၀ နှုန်းနှင့်
 မောင်းပြေးခဲ့ကြောင်းနှင့် ယင်းကားသည် Interstate 215 အဝေးပြေးလမ်းမပေါ်သို့ လမ်းပြောင်းပြန်မောင်းသွားကြောင်း ဆန်ဘာနာဒီနိုစီ ရင်စုငြိမ်ဝပ်ပိပြားရေးရုံးက ပြောသည်။

အဆိုပါမော်တော်ကားလမ်းပြောင်းပြန်မောင်းချိန်တွင် ယင်းကားကို လိုက်လံဖမ်းဆီးသော ရဲရဟတ်ယာဉ်ပေါ်မှ တာဝန်ရှိရဲတပ်ဖွဲ့ဝင်သည် ကားကို ဟန့်တားရန်အတွက် အကြိမ်အချို့ ပစ်ခတ်ခဲ့သည်။
 
ဒဏ်ရာရယာဉ်မောင်းသည် ကားပေါ်မှ ခုန်ချ၍ ကိုက်အနည်းငယ်ခန့် ပြေးပြီးနောက် လဲကျသေဆုံးသွားသည်ဟု ငြိမ်ဝပ်ဝိပြားရေးရုံးက ပြောသည်။
 
ယင်းအမျိုးသားမှာ သေနတ်ဒဏ်ရာများဖြင့် သေဆုံးသည် (သို့မဟုတ်) ကားပေါ်မှ ခုန်ချခြင်းကြောင့် သေဆုံးသည်လားဆိုသည်ကို သိရှိရန် အလောင်းခွဲ စိတ်စစ်ဆေးမှုရလဒ်များကို စောင့်
နေသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။
 
ယာဉ်မောင်းသည် ပြည်သူများဘေးအန္တရာယ်ကင်းရှင်းမှုကို ခြိမ်းခြောက်နေ၍ အရာရှိများက ပစ်ခတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ် သည်ဟု ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရသူက ပြောသည်။
 
ဆက်လက်၍ ရွေ့လျားနေသော မောင်းသူမဲ့ကားသည် မျက်နှာချင်းဆိုင်မှ ကားတစ်စီးကို ၀င်တိုက်ခဲ့ရာ ယင်းကားပေါ်ရှိ လူ သုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ က ပြောသည်။
 
ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ် ဟန့်တားမှုပြုလုပ်ခြင်းမှာ ရှားပါးသော ဖြစ်ရပ်ဖြစ်သော်လည်း တာဝန်ရှိသူများအား သေချာစွာ လေ့ကျင့်ထားပေးပြီးဖြစ်သည်ဟု ငြိမ်ဝပ်ပိပြားရေးရုံးတာဝန်ရှိသူက ပြောကြားသည်။
—Ref:BBC

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...