Friday, September 11, 2015
ဒီမောဆိုးတွင်ဒေါ်အောင်ဆန်းစုကြည်ပထမဆုံးမဲဆွယ်
ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မက်လုံး ပေး မဲဆွယ်မှုများကို မကြည့်ဘဲ နိုင်ငံ့အကျိုးအတွက် ဆောင် ရွက်မည့် ပါတီကိုသာ မဲထည့်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
‘‘ကျွန်မ ဒီလာတဲ့အခါမှာ တကယ့်ကို အသစ်ကျပ်ချွတ် မီး တိုင်ကြီးတွေတွေ့တယ်။ ရွေး ကောက်ပွဲနီးရင်တော့ ဟိုဟာ လုပ်ပေး၊ ဒီဟာလုပ်ပေးကတော့ လုပ်နေကျပဲ။ ကျွန်မပြောချင် တာက ဒီလိုရေတိုတွေကို မကြည့် ပါနဲ့’’ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။စက်တင်ဘာ ၁၀ ရက်က ကယားပြည်နယ် ဘော်လခဲမြို့ တွင်ပြုလုပ်ခဲ့သော ၎င်းအတွက် ပထမဆုံး မဲဆွယ်စည်းရုံးရေး လူထု ဟောပြောပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။ ပထမဆုံး မဲဆွယ်စည်းရုံးရေးခရီးကို ကယားပြည်နယ်ရှိ ဒီးမော့ဆိုမြို့ဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး ဖရူဆိုမြို့၊ ဘော်လခဲမြို့သို့လည်း ဆက်လက်သွားခဲ့သည်။
‘‘အပစ်အခတ်ရပ်စဲရေးဆိုတာ ငြိမ်းချမ်းရေးရဲ့ အစပါ။ အပစ်အခတ်ရပ်စဲရေးဟာ တိုင်းရင်းသားအားလုံး သဘောတူလက်ခံနိုင်မယ့် အပစ်အခတ်ရပ်စဲရေးတစ်ခုဖြစ်မယ်ဆိုရင် ကျွန်မတို့နိုင်ငံအတွက် ငြိမ်းချမ်းရေးတံခါးပွင့်သွားပြီလို့ ပြောရမှာပါ။ ဒါကိုကျွန်မ အင်မတန်မှ လိုလားပါတယ်။ ရေရှည်ငြိမ်းချမ်းရေးကိုကြည့်ဖို့ဆိုရင်တော့ အစတုန်းကတည်းက ကျွန်မတို့နိုင်ငံရဲ့ ငြိမ်းချမ်းရေး ဘာကြောင့် ပျက်ပြားခဲ့တယ်ဆိုတာ စဉ်းစားရမှာဖြစ်ပါတယ်’’ ဟု ဒီးမော့ဆိုမြို့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွင် ပြောသည်။
ထို့အတူ ငြိမ်းချမ်းရေးဖြစ် စဉ်နှင့် ပတ်သက်၍လည်း အပစ် အခတ်ရပ်စဲရေးစာချုပ်ကို လက် မှတ်ရေးထိုးပြီးနောက် ထာဝရငြိမ်းချမ်းရေး ရရှိရန် ငြိမ်းချမ်း ရေးအတွက် ငြိမ်းချမ်ရေး ဆွေး နွေးပွဲများ ပြုလုပ်ရမည်ဖြစ်ကာ ယင်းဆွေးနွေးပွဲများကို ဦးဆောင် ရမည်မှာ ရွေးကောက်ပွဲတွင်ပြည်သူလူထုက ရွေးချယ်မည့် အစိုးရသာဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။
‘‘အခုအပစ်အခတ်ရပ်စဲရေး ကို မကြာမီ လက်မှတ်ရေးထိုး ကြတော့မယ်လို့ မျှော်လင့်နေကြ ပါတယ်။ ဘယ်လောက်ပဲ မြန်မြန် လက်မှတ်ထိုးနိုင်၊ ထိုးနိုင် အပစ် အခတ်ရပ်စဲရေးစာချုပ်လက်မှတ် ထိုးပြီးတဲ့အခါမှာ နောက်ဆက် လုပ်ရမယ့်ကိစ္စကတော့ ငြိမ်းချမ်း ရေးဆွေးနွေးပွဲပါ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ဦးဆောင်ရမှာ နောက်အစိုးရပါပဲ’’ ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောကြား ခဲ့သည်။
ထို့နောက် ရွေးကောက်ပွဲ တွင် မဲပေးခြင်းနှင့် ပတ်သက်၍ ‘‘ဒီတစ်ခေါက် ရွေးကောက်ပွဲမှာ ကျွန်မတို့ ပြည်သူတွေ ရွေးချယ်ပေးရမယ့် ကိုယ်စားလှယ်တွေက ၇၅ ရာခိုင်နှုန်းပဲရှိတာမို့ ပြည်သူ့မဲတွေက ၁၉၉၀ ရွေးကောက်ပွဲက ပြည်သူ့မဲတွေထက်ပိုပြီး တန်ဖိုးရှိတယ်လို့ ပြောရင် မမှားပါဘူး’’ဟု ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည် ဟောပြောခဲ့သည့် ဘော်လခဲမြို့နယ်သည် သမ္မတ ဦးသိန်းစိန် အားထားရသော သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င် ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် ဖြစ်သည်။
ကယားပြည်နယ်ရှိ ရွာများ သည် ရွေးကောက်ပွဲနှင့်ပတ်သက် ၍ ခြိမ်းခြောက်မှုများရှိနေသည် ကို ကြားသိရကြောင်း၊ ရွေး ကောက်ပွဲတွင် မဲပေးမှုသည် လျှို့ ၀ှက်မဲပေးခြင်းဖြစ်သဖြင့် မိမိတို့ မဲပေးခဲ့သည့်သူကို မည်သူမှ မသိ ရှိရ၍ စိုးရိမ်စရာမလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြည် သူများအား ပြောကြားခဲ့သည်။
လာမည့် ရွေးကောက်ပွဲ သည် နိုင်ငံအတွက် အရေးကြီး သည့် အချိုးအကွေ့တစ်ခုဖြစ်၍ ပြည်သူများအနေဖြင့် နိုင်ငံအနာ ဂတ်ကို ကြည့်ပြီး မဲပေးကြရန် ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားခဲ့သည်။
ကယားပြည်နယ် ခရီးစဉ်အ တွင်း ဒေါ်အောင်ဆန်းစုကြည် သည် သမ္မတရုံး ပြည်ထောင်စုဝန် ကြီး ဦးအောင်မင်း တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ရှားတောမဲဆန္ဒနယ်သို့လည်း မဲဆွယ်စည်းရုံးမှု ဟောပြောပွဲ သွားရောက်ဦးမည်ဖြစ်သည်။ ကယားပြည်နယ်ရှိ မဲဆန္ဒ နယ်အချို့တွင် ၀င်ရောက်ယှဉ် ပြိုင်မည့် ကိုယ်စားလှယ်လောင်း အချို့က မက်လုံးပေးမဲဆွယ်မှုများ ရှိနေသည်ဟု ဒေသခံကယားတိုင်း ရင်းသားပါတီများက ပြောကြား ထားကြသည်။
ကယားပြည်နယ်တွင် လွှတ် တော်ကိုယ်စားလှယ်လောင်း ၂၂၅ ဦးဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကာ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒ ရှင် ဦးရေသည် တစ်သိန်းခွဲကျော် သာရှိသည်။ ဦးစိုးသိန်းဝင်ရောက် ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်တွင် မဲဆန္ဒရှင် ခြောက်ထောင်ကျော်၊ ဦးအောင်မင်းဝင်ရောက်ယှဉ်ပြိုင် မည့် မဲဆန္ဒနယ်တွင် မဲဆန္ဒရှင်သုံးထောင်ကျော်သာ ရှိသည်ဟု
ကယားပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သတင်းရရှိ သည်။
ဦးစိုးသိန်းသည် ဘော်လခဲ မြို့နယ်အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၉)နှင့် ဦးအောင် မင်းသည်ရှားတောမြို့နယ် အမျိုး သားလွှတ်တော်မဲဆန္ဒနယ် အ မှတ်(၇)တွင် ၀င်ရောက်ယှဉ်ပြိုင် ကြမည်ဖြစ်သည်
7daydaily
Subscribe to:
Post Comments (Atom)
No comments:
Post a Comment