ပြည်မြို့ အေးမြသာယာ ရပ်ကွက် န၀င်းချောင်း ကိုင်းတော အတွင်း အသက်(၄၀)ခန့်အရွယ်အမျိုးသားအလောင်းတစ်လောင်းကို စက်တင်ဘာ ၉ ရက်ကတွေ့ရှိခဲ့၍ စစ်ဆေးနေကြောင်း သတင်းရရှိသည်။
အမျိုးသားသည် ပြင်ပဒဏ် ရာတစ်စုံတစ်ရာမရှိဘဲ သေဆုံး နေပြီး သေဆုံးသည့်အကြောင်း ရင်းမှန်ကို ဆေးရုံတွင် ရင်ခွဲစစ် ဆေးမည်ဟု အလောင်းတွေ့ရှိရာ သို့ ရောက်ရှိနေသော ရဲအရာရှိ တစ်ဦးက ပြောသည်။
‘‘အလောင်းကို စက်တင်ဘာ ၉ ရက် ညနေကတည်းက တံငါ သမားတွေ စတွေ့တာ၊ကိုင်းတော အစပ်မှာ ငြိနေတာ။ တွေ့တဲ့လူ တွေကလည်းရပ်ကွက်ထဲက လူ တွေလောက်ပဲပြောပြီး သက်ဆိုင် ရာကို အကြောင်းမကြားကြဘူး။ အခုကျမှ သက်ဆိုင်ရာက သိပြီးလာရောက်သယ်ယူတာဖြစ်တယ်’’ဟု အေးမြသာယာရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။
အလောင်းကို မိုးမေတ္တာနာ ရေးကူညီမှုအသင်းက စက်လှေ နှင့်သယ်ယူခဲ့ပြီး နာရေးယာဉ်ဖြင့် ထပ်မံသယ်ဆောင်ကာ ပြည်သူ့ ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း မိုးမေတ္တာနာရေး ကူညီမှုအသင်းမှ သိရသည်
7daydaily
ကျွန်တော့်နေရာကအင်တာနက်လိုင်းမကောင်းလို့သတင်းတွေကိုအချိန်နဲ့တပြေးညီတင်မပေးနိုင်တာခွင့်လွှတ်ကြပါခင်ဗျာ
No comments:
Post a Comment