တရုတ်နိုင်ငံ ချန်တူမြို့က တရုတ်ဆရာဝန်တွေဟာ အမျိုးသားတစ်ဦးရဲ့ ခန္ဓာကိုယ်ကနေ ၅ ကီလိုဂရမ်ရှိတဲ့ မစင်တွေကို ဖယ်ရှားဖို့ ခွဲစိတ်မှုတစ်ခုပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အမည်မသိရတဲ့ အသက် ၂၇ နှစ်အရွယ် အဆိုပါအမျိုးသားဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ၀မ်းချုပ်နေခဲ့ပြီး ၀မ်းဗိုက်ပြင်းပြင်းထန်ထန်နာကျင်ကိုက်ခဲမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း West China Metropolis Daily သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။
သူ့ရဲ့အဆိုပါဝေဒနာတွေနဲ့ ပတ်သက်လို့ ဆယ်စုနှစ်တစ်ခုလုံး ဆရာဝန်တွေက အဖြေမရှာနိုင်ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ချန်တူမြို့ အမှတ်(၂)ဆေးရုံက ဆရာဝန်တွေက ဓာတ်မှန်ရိုက်ခဲ့တဲ့အခါ ဘာမှားယွင်းနေတယ်ဆိုတာကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။
သူ့ရဲ့ အူမကြီးကို စစ်ဆေးကြည့်တဲ့အခါ အူမကြီးကို နဂိုထက် နှစ်ဆဖြစ်စေတဲ့အထိ (သူ့နှလုံးကို ညာဘက်ကိုရွေ့သွားစေတဲ့အထိ) များပြားလှတဲ့ မစင်တွေရှိနေတာကို ဆရာဝန်တွေက တွေ့ရှိခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ၁၀ နှစ်က သူ့ရဲ့ အခြေအနေကို သုံးးသပ်ကြည့်တဲ့အခါ အသက်အန္တရာယ်ဘာမျှမဖြစ်ခဲ့တာကြောင့် သူဟာ တော်တော့်ကို ကံကောင်းတဲ့အမျိုးသားပါပဲ။ ၂၀၁၃ နှစ် ဖေဖော်ဝါရီတုန်းကလည်း အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦး ရှစ်ပတ်ကြာဝမ်းချုပ်ပြီးနောက် နှလုံးဖောက်ပြန်မှု(heart attack)ခံစားရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်
No comments:
Post a Comment