ဇီဝိတဒါနသံဃာ့ဆေးရုံတွင် တီဘီရောဂါလူနာများအား ပြင်ပဌာနဖွင့်လှစ်၍ အခမဲ့ဆေးကုသပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ယခင်က တီဘီရောဂါဝေဒ နာရှင် သံဃာတော်များကိုသာ ကုသပေးသော်လည်း ယခုအခါ တီဘီရောဂါခံစားနေရသည့် မည်သူမဆို လာရောက်ကုသနိုင် ကြောင်း ဇီဝိတဒါနသံဃာ့ဆေးရုံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောသည်။
‘‘အရင်က သံဃာတော်တွေ ပဲလက်ခံတယ်။ ပြီးတော့ ဒီမှာ စစ်ဆေးလို့ တီဘီလို့ပေါ်ရင် အစိုး ရဆေးရုံတွေနဲ့ မြို့နယ်အလိုက် ဒေသန္တရဆေးခန်းတွေကို လွှဲ ပြောင်းပေးတယ်။ ကူးစက်ရောဂါ ဖြစ်လို့ ဒီမှာမကုသပေးဘူး။ အခု ကတော့ ပြင်ပလူနာဌာနလိုမျိုးဖွင့်လှစ်ပြီးတော့ ကုသပေးတော့မှာ ပါ’’ဟု ၎င်းက ပြောသည်။
ယင်းအစီအစဉ်ကို မြန်မာ နိုင်ငံ ဆရာဝန်အသင်း၏ PPM-TB ပရောဂျက်နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုလမှ စတင်၍ ကုသပေးမည်ဖြစ်သည်။
ဇီဝိတဒါနဆေးရုံတွင် တီဘီ ရောဂါခံစားနေရသူများကို အခမဲ့ စမ်းသပ်စစ်ဆေးခြင်း၊ သလိပ်စစ် ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းနှင့် ပျောက်ကင်းသည်အထိ ဆေး ကုသပေးခြင်းတို့ဆောင်ရွက်မည် ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးမောင်မောင်က ဆက်လက်ပြောသည်။
‘‘ရိုးရိုးလူနာတွေအနေနဲ့လည်း ကိုယ့်ဆီမှာ တီဘီရှိ၊ မရှိ အခမဲ့လာစမ်းသပ်စစ်ဆေးလို့ရပါ တယ်။ ဘယ်လိုကန့်သတ်ချက်မှ မရှိပါဘူး။ လူမျိုးမရွေး၊ အဆင့် အတန်းမရွေး လာရောက်ကုသလို့ ရပါတယ်’’ဟု ၎င်းက ဆက်လက် ပြောသည်။
အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့များတွင် နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ လူနာများကို စမ်းသပ်ကုသပေး မည်ဖြစ်ပြီး လူဦးရေကန့်သတ် မထားကြောင်း သိရသည်
7daydaily
No comments:
Post a Comment