Tuesday, September 22, 2015

ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများအတွက်ဆမ်ဆောင်းမှအမေရိကန်ဒေါ်လာတစ်သိန်းနှင့်တီဗွီအလုံး၈၀လှူဒါန်း

Samsung မြန်မာရုံးခွဲ သည် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုသွားရန်  အမေရိကန်ဒေါ်လာတစ်သိန်း (ကျပ်သိန်း ၁,၃၀၀) ကျော်နှင့် တီဗီအလုံး ၈၀ ကို လှူဒါန်းသွားမည်ဖြစ်သည်။

‘‘ရေဘေးကယ်ဆယ်ရေး အတွက် ပဏာမခြေလှမ်းအနေနဲ့ ပညာရေး၊ စိုက်ပျိုးရေးနဲ့ ကျန်းမာ ရေးကဏ္ဍတွေမှာ ကူညီထောက်ပံ့ ပေးသွားမှာ ဖြစ်ပြီး စစ်ကိုင်းတိုင်း၊ချင်းပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ မကွေးတိုင်းတို့မှာ လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်’’ဟု Samsungမြန်မာ၏ မန်နေဂျင်းဒါရိုက်တာ Mr. Nam SikAhn က ပြောသည်။ငွေသားအနေဖြင့် ထောက်ပံ့မည့် အမေရိကန်ဒေါ်လာ တစ် သိန်းကို ကယ်ဆယ်ရေးလုပ်ငန်း များတွင် အသုံးပြုသွားမည်ဖြစ်ပြီး တီဗီအလုံး ၈၀ အား မကွေးတိုင်းနှင့် ဧရာဝတီတိုင်းတို့ရှိ အများပြည်သူပိုင်နေရာများ ဖြစ်သည့် ဆေးရုံကျောင်းစသည့် နေရာများတွင် မိုးလေ၀သနှင့် သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီသိနိုင်စေရန်နှင့် ပညာရေးဆိုင်ရာအသိပညာများ တိုးပွားစေရန်အတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

‘‘Samsung ရဲ့ ထောက်ပံ့မှု ဟာ မြန်မာနိုင်ငံကြက်ခြေနီအ သင်းရဲ့ ကယ်ဆယ်ရေးလုပ်ငန်း တွေမှာ နေရာတစ်ခုကနေ အ ထောက်အကူပြုစေမှာ ဖြစ်ပါ တယ်’’ဟု မြန်မာနိုင်ငံကြက်ခြေနီ အသင်း ဥက္ကဋ္ဌ ဒေါက်တာ သာလှ ရွှေက ပြောသည်။

Samsung အနေဖြင့် အခြား ထောက်ပံ့မှုတစ်ခုအဖြစ်ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ စပါးစိုက်ခင်းပေါင်း လေးရာအတွက်ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စိုက်ပျိုးရန်အတွက် မျိုးစေ့များကိုလည်း ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်
7daydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...