ရှမ်းပြည်နယ်ကွတ်ခိုင် မြို့နယ်ရှိ ကျေးရွာအုပ်စု နှစ်စုတွင်ကေအိုင်အေအပါအ၀င် လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့က မဲစာရင်းများ ကပ်ထားခြင်းမပြုလုပ်ရန် တားမြစ်ခဲ့သဖြင့် မဲစာရင်းများ ဖြုတ်သိမ်းခဲ့ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကိုးကား၍ ပြန်ကြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၈ ရက်၌ သတင်းထုတ်ပြန်သည်။
မူဆယ်ခရိုင်အတွင်းရှိ ကွတ်ခိုင်မြို့နယ် ဟိုအက်ကျေးရွာ အုပ်စုနှင့် မုန်းပေါကျေးရွာအုပ်စု တို့တွင် စက်တင်ဘာ ၁၄ ရက်က မဲစာရင်းများ ကပ်ထားကြေညာခဲ့ ရာ စက်တင်ဘာ ၁၆ ရက် ညနေ ၆ နာရီက ဟိုအက်ကျေးရွာအုပ်စု သို့ သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့ (စိစစ်ဆဲ)နှင့် စက်တင်ဘာ ၁၆ ရက် ည ၁၀ နာရီက မုန်းပေါကျေး ရွာအုပ်စုသို့ ကေအိုင်အေလက် နက်ကိုင်အဖွဲ့တစ်ဖွဲ့ရောက်ရှိ လာပြီး မဲစာရင်းများ ကပ်ထား ကြေညာခြင်းမပြုလုပ်ရန် တား မြစ်ခဲ့၍ ကျေးရွာအုပ်ချုပ်ရေးမှူး များက မဲစာရင်းများကို ဖြုတ်သိမ်း ခဲ့ရကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သတင်း ရရှိသည်ဟု ထုတ်ပြန်ခဲ့သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ကေအိုင်အေအလုပ်အဖွဲ့(TAT) သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ရွေး ကောက်ပွဲကို အနှောင့်အယှက် ပေးမည်မဟုတ်ကြောင်း ၎င်းတို့ ခေါင်းဆောင်များက အကြိမ်ကြိမ် ပြောကြားထားပြီး အဆိုပါကိစ္စကို မူ မသိရှိသေးဘဲ ပြန်စိစစ်ရမည် ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောကြားသည်။
‘‘ရွေးကောက်ပွဲနဲ့ ပတ်သက် လို့ နှောင့်ယှက်မှာ မဟုတ်တဲ့ အပြင် ပါတီအဖွဲ့အစည်းတွေကို တောင်(တိုက်တွန်းအားပေး)Encourage လုပ်မှာပါ။ ဒီမိုကရေ စီနဲ့ ရွေးကောက်ပွဲဆိုတာ ကျွန်တော်တို့ရန်သူမှမဟုတ်တာလေ။ ဘာ မှလည်း အနှောင့်အယှက်ပေးမှာ မဟုတ်ပါဘူး’’ဟု ဦးဒေါင်ခါးကဆိုသည်။
ထို့အပြင်ယင်းကိစ္စနှင့် ပတ် သက်၍ ဗဟိုညွှန်ကြားချက်အရ လုပ်ဆောင်ခြင်း လုံးဝမဖြစ်နိုင် သော်လည်း ၎င်းတို့ ပြည်သူ့စစ် အဖွဲ့များကိုမူ ပြန်စိစစ်ရမည်ဖြစ် ကြောင်း TAT ပြောခွင့်ရပုဂ္ဂိုလ်က ဆက်လက်ပြောသည်
7daydaily
No comments:
Post a Comment