Saturday, September 19, 2015

လူသားအရင်းအမြစ်ဖွံ့ဖြိုးမှုဦးစားပေးလုပ်ဆောင်ရန်ဂျပန်ပညာရှင်တိုက်တွန်း

မြန်မာနိုင်ငံ၏ အနာဂတ် ငါးနှစ်စီမံကိန်းတွင် လယ်ယာနှင့် ထုတ်ကုန်ကဏ္ဍကို ဦးစားပေးထားပြီး လူသားအရင်းအမြစ် ဖွံ့ဖြိုးရန် အဓိကလုပ်ဆောင်ရမည်ဟု မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုမဟာဗျူဟာကို ပါဝင်ရေးဆွဲခဲ့သူ ပါမောက္ခ မစ္စတာ တိုရှီဟီရိုကူဒို (Toshihiro KUDO) က ပြောသည်။


ပြီးခဲ့သည့် ဇူလိုင်လတွင် နိုင်ငံတော်သမ္မတဂျပန်နိုင်ငံသို့ ရောက်ရှိစဉ် မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှု မဟာဗျူဟာ ငါးနှစ်စီမံကိန်းရေးဆွဲရန် ဂျပန်နိုင်ငံဝန်ကြီးချုပ်ထံမှ အကူအညီတောင်းခံခဲ့၍ လက်ရှိတွင် ဂျပန်နိုင်ငံမှ ကျွမ်းကျင်သူများနှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာတို့ ပူးပေါင်းရေးဆွဲနေကြောင်း မစ္စတာတိုရှီဟီရိုက ပြောသည်။

ယခုရေးဆွဲနေသော အနာ ဂတ် ငါးနှစ်စီမံကိန်းတွင် အစိုးရ အနေဖြင့် လယ်ယာ ကဏ္ဍနှင့် ထုတ်ကုန်ကဏ္ဍတို့ကို တိုင်းပြည် ၏ စီးပွားရေးတွင် အဓိကအခန်း ကဏ္ဍ၌ ပါဝင်နေသည်ဟု ဆို သည်။ ‘‘ဒီကဏ္ဍတွေကို ဖန်တီးနိုင် ရင် အလုပ်အကိုင်အခွင့်အလမ်း တွေအများကြီး ရလာမှာပါ။ အလုပ်အကိုင် အခွင့်အလမ်းတွေရဖို့ အတွက်ကလည်း အခြေခံအ ဆောက်အအုံက အရေးကြီးတယ်’’ဟု မစ္စတာတိုရှီဟီရိုက ပြောသည်။လက်ရှိ လယ်ယာကဏ္ဍ ဖွံ့ ဖြိုးရေးတွင် အစိုးရ ဆောင်ရွက်မှုအနည်းငယ်သာ ရှိနေပြီး နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှု အနည်းဆုံးကဏ္ဍ ဖြစ်နေသည်။ ယခင်ဘဏ္ဍာနှစ်က မြန်မာနိုင်ငံ သို့ ၀င်ရောက်လာသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ် လာ ၈ ဘီလီယံကျော်တွင် လယ် ယာကဏ္ဍသို့ ၀င်ရောက်လာသော ရင်းနှီးမြှုပ်နှံမှုမှာ  ၁  ရာခိုင်နှုန်း၏  ထက်ဝက်ကျော်သာ ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောထားသည်။

ထုတ်ကုန်ကဏ္ဍမှာ လက်ရှိ အစိုးရလက်ထက်၌ အားအကောင်းဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်သော်လည်း လုပ်သားအခြေပြု ထုတ် ကုန် လုပ်ငန်းများတွင်သာ ၀င် ရောက်မှုများနေပြီး နည်းပညာနှင့် စက်မှုထုတ်ကုန် ကဏ္ဍ၌ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုမှာ အနည်းငယ်သာရှိကြောင်း လှိုင်သာယာစက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်ကပြောသည်။

မြန်မာနိုင်ငံတွင် လူသားအ ရင်းအမြစ်ဖွံ့ဖြိုးရေးမှာ လက်ရှိအချိန်ထိ စီးပွားရေးသမားများအတွက် အခက်အခဲတစ်ခုဖြစ်နေပြီး ပြည်တွင်း၌ ကဏ္ဍတိုင်းတွင် ကျွမ်းကျင်လုပ်သား ရှားပါးမှုကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုစီမံကိန်းအချို့၌ အောက်ခြေ လုပ်ငန်းများမှာပင် နိုင်ငံခြားသားများအား အသုံး ပြုနေရကြောင်း စီးပွားရေးလုပ် ငန်းရှင်များက ပြောသည်
7daydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...