Sunday, September 13, 2015

တွန်းဇံတွင်ပြည်ခိုင်ဖြိုးအမတ်လောင်းနှစ်ဦးမဲဆွယ်ပွဲလာရောက်သူများအားကျပ်နှစ်ထောင်စီပေးအပ်

ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းနှစ်ဦးက မဲဆွယ်ရာ၌ လာရောက်သော ပြည်သူများအား တစ်ဦးလျှင် ကျပ်နှစ်ထောင်နှုန်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

မဲဆွယ် စည်းရုံးရေးများ တရားဝင် စတင်ပြုလုပ်နိုင်သည့် စက်တင်ဘာ ၈ ရက်မှစ၍ ယနေ့ အထိ တွန်းဇံမြို့နယ်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီက ပထမဆုံး မဲဆွယ် ခဲ့ခြင်းဖြစ်ပြီး အခြားပါတီများ မဲ ဆွယ်ခြင်း မရှိသေးကြောင်း မြို့ခံ များထံမှ သိရသည်။

တွန်းဇံမြို့နယ်ရှိ ခေါလိုင် လေဆန်ရပ်ကွက်တွင် စက်တင် ဘာ ၈ ရက်နှင့် ၁၂ ရက်တို့၌ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ မဲဆွယ်ရာတွင် ဟောပြော ပွဲလာရောက် နားထောင်သူများ အား ကျပ်နှစ်ထောင်စီပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မဲဆွယ်ပွဲတွင်ပါဝင် ခဲ့သူ လက်ရှိအမျိုးသားလွှတ် တော်ကိုယ်စားလှယ်ဖြစ်ပြီး ပြည် သူ့ လွှတ်တော်ကိုယ်စားလှယ်အ ဖြစ် ၀င်ရောက်ရွေးချယ်ခံမည့် ဦးနိန်ခင်းပေါင်က ‘‘ဒီမှာ တက်ရောက် လာတဲ့သူတွေကို လက်ဖက်ရည်ဖိုး ပေးတာပါ။ ၀ယ်ကျွေးဖို့အတွက် အဆင်မပြေ လို့ လက်ဖက်ရည်ဖိုးအဖြစ် ပိုက် ဆံပဲပေးလိုက်တာပါ’’ ဟု ပြော သည်။

၎င်းနှင့်အတူ ပြည်နယ်လွတ် တော်မဲဆန္ဒနယ် အမှတ်(၁)တွင် ဝင်ပြိုင်မည့် အမတ်လောင်း ဦးဟောက်ဆွင်းမန်လည်း ပါဝင် သည်။

တွန်းဇံမြို့နယ်၌ ၀င်ရောက် ယှဉ်ပြိုင်ကြမည့် ပါတီများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ ချုပ်၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးပါတီနှင့် ချင်းအမျိုး သားဒီမိုကရက်တစ်ပါတီတို့ ဖြစ် သည်။

ရွေးကောက်ပွဲ ဥပဒေများ တွင် လွှတ်တော်ကိုယ်စားလှယ် လောင်းကဖြစ်စေ၊ ယင်း၏ ရွေး ကောက်ပွဲကိုယ်စားလှယ်ကဖြစ် စေ၊ ၎င်းတို့တစ်ဦးဦး၏ သဘော တူညီချက်ဖြင့် အခြားသူတစ်ဦးဦး ကဖြစ်စေ လာဘ်ပေး၊ လာဘ်ယူ မှု ပြုလုပ်ခြင်းကို တရားမဲ့ပြုကျင့် မှုအဖြစ် ပြဋ္ဌာန်းထားသည်။
7daydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...