Sunday, September 20, 2015

တောင်ငူအမေ့အိမ်ဟိုတယ်မီးလောင်မှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ရန်ကုန်-မန္တလေး လမ်းမ ပေါ်ရှိ အမေ့အိမ်ဟိုတယ် တွင် စက်တင်ဘာ ၂၀ ရက် ည ၉ နာရီ ၁၅ မိနစ်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းမှုကို နာရီ ၀က်ကြာ ငြှိမ်းသတ်ခဲ့ရသည်။

အမေ့အိမ်ဟိုတယ်အတွင်းရှိ တည်းခိုဆောင်တစ်ဆောင်တွင် စပိန်နိုင်ငံသား သုံးဦးတည်းခိုရန်ရောက်ရှိလာပြီး ၎င်းတို့တည်းခို မည့် အခန်းအမှတ် (၄၀၃) ၌ ခရီးဆောင်အိတ်များထားရှိကာ ၅ မိနစ်ခန့် အကြာတွင် ယင်းအခန်းမှဝိုင်ယာရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ် သည်ဟု မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါမီးလောင်မှုကို နာရီဝက်ကြာ ငြှိမ်းသတ်ခဲ့ရပြီးတောင်ငူ မြို့ပေါ်ရှိ မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်များနှင့် လူမှုအသင်း အဖွဲ့ တို့မှ မီးသတ်ယာဉ် ခြောက်စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၅၀ ကျော်တို့က မီးငြှိမ်းသတ်ခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း သတင်းရရှိ သည်
7daydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...