Sunday, September 13, 2015

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းထိုင်းနိုင်ငံသွားရောက်ခြေစမ်းမည်

အာဆီယံဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းသည် ထိုင်းနိုင်ငံ၌ ခြေစမ်းပွဲများ သွားရောက်ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။


ကစားသမား ၂၂ ဦး ပါဝင် သည့် မြန်မာ့လက်ရွေးစင်ဖူဆယ် အသင်းသည် စက်တင်ဘာ ၁၁ ရက် မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဘန် ကောက်မြို့၌ သွားရောက်လေ့ကျင့်မည်ဖြစ်ပြီး ထိုင်းဖူဆယ်အသင်းများနှင့် ခြေစမ်းပွဲငါးပွဲခန့် ယှဉ်ပြိုင်ကစားရန် စီစဉ်ထား ကြောင်း မြန်မာနိုင်ငံ ဘောလုံးအ ဖွဲ့ချုပ် ဖူဆယ်ကော်မတီအတွင်း ရေးမှူး ဦးအောင်မော်သိန်းကပြော သည်။

‘‘ထိုင်းလေ့ကျင့်ရေးခရီးစဉ်မှာ ခြေစမ်းပွဲ ငါးပွဲကစားဖို့ စီစဉ် ထားပါတယ်။ ဘယ်အသင်းတွေနဲ့ ကစားရမလဲဆိုတာတော့ မသိရ သေးပါဘူး’’ဟု ဦးအောင်မော် သိန်းကပြောသည်။

၂၀၁၅ အာဆီယံဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲကို လာမည့်အောက် တိုဘာ ၈ ရက်မှ ၁၈ရက်အထိထိုင်း နိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပ မည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင်မြန် မာအသင်းသည် အုပ်စု(ခ)၌ သြစတြေးလျ၊ ဗီယက်နမ်၊လာအို၊ ဖိလစ်ပိုင်အသင်းများနှင့် တစ်အုပ် စုတည်းကျရောက်နေပြီး အုပ်စု (က)တွင် ထိုင်း၊ တီမော၊ ဘရူနိုင်း၊ မလေးရှား၊ စင်ကာပူအသင်းများ ပါဝင်လျက်ရှိသည်။

အာဆီယံပြိုင်ပွဲအတွက်ရည် ရွယ်၍ မြန်မာ့လက်ရွေးစင်ဖူဆယ် အသင်းကို ပဏာမကစားသမား ၂၅ ဦးဖြင့် စက်တင်ဘာ ၆ ရက်မှ စတင်စခန်းသွင်းလေ့ကျင့်လျက်ရှိ ကြောင်း သတင်းရရှိသည်။

‘‘မြန်မာဖူဆယ်အသင်းကို ပ ဏာမကစားသမား ၃၅ ဦးနဲ့  ပြီးခဲ့ တဲ့ ဧပြီလဆန်းပိုင်းကတည်းက စ တင်လေ့ကျင့်ခဲ့တာပါ။ အာဆီယံ ပြိုင်ပွဲအတွက် ပဏာမကစားသ မား ၂၅ ဦးကိုတော့ စခန်းသွင်းနေ ပါပြီ။ ပြီးခဲ့တဲ့ အလွတ်တန်း ပြည် တွင်းဖူဆယ်ပြိုင်ပွဲက ကစားသ မားအသစ်ငါးဦးလည်း ပါဝင်လာ ပါတယ်။  ထိုင်းခရီးစဉ်ကိုတော့ ကစားသမား ၂၂ ဦးခေါ်သွားမှာ ပါ’’ဟု ဖူဆယ်ကော်မတီမှ တာဝန် ရှိသူကဆိုသည်။

အာဆီယံဖူဆယ် ချန်ပီယံ ရှစ်ပြိုင်ပွဲကို ၂၀၀၁ ကစတင်ကျင်း ပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ပြိုင်ပွဲသည် (၁၂) ကြိမ်မြောက်ပြိုင်ပွဲဖြစ်လာ မည်ဖြစ်သည်။ မြန်မာ့လက်ရွေး စင်ဖူဆယ်အသင်းသည် အဆိုပါ ပြိုင်ပွဲတွင် စတင်ဝင်ရောက်ယှဉ် ပြိုင်ခဲ့သည့် ၂၀၀၆ ပြိုင်ပွဲ၌ တတိ ယဆုရရှိခဲ့ပြီး နောက်ပိုင်းနှစ်များ တွင် အုပ်စုအဆင့်ကို ကျော်လွန် နိုင်ခြင်းမရှိပေ
7daydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...