Friday, September 11, 2015

စနေညကစားမည့်ပရီးမီးယားလိဂ်ပွဲကြိုသုံးသပ်ချက်

အဲဗာတန် - ချဲလ်ဆီး ( ၆နာရီ ၁၅ မိနစ်)
နောက်ဆုံးသုံးကြိမ်တွေ့ဆုံမှု
အဲဗာတန် ၁-၂ ချဲလ်ဆီး
အဲဗာတန် ၁-၀ ချဲလ်ဆီး
အဲဗာတန် ၃-၆ ချဲလ်ဆီး
မနှစ်က အဲဗာတန်ကွင်းမှာ ဂိုးပြတ်နိုင်တဲ့ အချိန်ကစပြီး ချဲလ်ဆီး တောက်လျှောက် ဂိုးမြူး၊ တိုက်စစ် အစွမ်းပြခဲ့တာကို ပြန်အမှတ်ရစရာပါ။
ဒါပေမယ့် မနှစ်ကလို အနေအထားမျိုးကို ထပ်ပြီးမျှော်လင့်လို့တော့ မဖြစ်နိုင်ပါဘူး။
အဲဗာတန်က ချဲလ်ဆီးကို ဒုက္ခပေးလေ့ရှိတဲ့ အသင်းတစ်သင်းဖြစ်သလို လက်ရှိ ကစားပုံအရလည်း ချဲလ်ဆီးကို ကောင်းကောင်း ဒုက္ခပေးနိုင်ပါတယ်။
မော်ရင်ဟိုရဲ့ အသင်းက လက်ရှိအချိန်မှာ နိုင်ပွဲတစ်ပွဲသာ ရထားပြီး (၄) ပွဲ၊ ရမှတ်(၄) မှတ်နှင့် အခြေအနေပြန်ကောင်းဖို့ ရုန်းကန်မှာ ဖြစ်ပေမယ့် ရုန်းကန်တိုင်းလည်း နိုင်ဖို့ မလွယ်ပါဘူး။ ချဲလ်ဆီးနိုင်ပွဲပျောက်မယ့် ပွဲပါပဲ။

အာဆင်နယ် - စတုတ်စီးတီး
နောက်ဆုံး (၃) ကြိမ် တွေ့ဆုံမှု
အာဆင်နယ် ၁-၀ စတုတ်စီးတီး
အာဆင်နယ် ၃-၁ စတုတ်စီးတီး
အာဆင်နယ် ၃-၀ စတုတ်စီးတီး
အာဆင်နယ်ရဲ့ တိုက်စစ်အားကလည်း ဒီနှစ်မှာ ခါတိုင်းနှစ်တွေနှင့် မတူဘဲ တော်တော်ဆိုးနေပါတယ်။
ပြီးခဲ့တဲ့ ပွဲစဉ်(၄)ပွဲမှာ (၃) ဂိုးပဲရထားပြီး တစ်ပွဲတစ်ဂိုးတောင် မရှိဘူးဖြစ်နေပါတယ်။
စတုတ်စီးတီးကလည်း အဝေးကွင်း သိပ်မစွံပါဘူး။ ဒီပွဲတော့ အာဆင်နယ်နိုင်မှာပါ။ (၂-၀) လောက်ဖြစ်မယ်။

နောဝစ်ခ်ျ - ဘုန်းမောက်
နောက်ဆုံး (၂) ကြိမ်တွေ့ဆုံမှု
နောဝစ်ခ်ျ ၀-၀ ဘုန်းမောက်
နောဝစ်ခ်ျ ၁-၁ ဘုန်းမောက်
ပြီးခဲ့တဲ့ တစ်ပတ်က ဆောက်သမ်တန်ကွင်းမှာ နော်ဝစ်ခ်ျ ဂိုးပြတ်ရှုံးခဲ့ပါတယ်။
စောစောစီးစီး တစ်ယောက် လျော့သွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဘုန်းမောက်က လက်စတာနှင့်ပွဲမှာ တစ်မှတ်ယူနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဒီပွဲမှာတော့ အိမ်ကွင်းဖြစ်သလို ခြေစွမ်းပိုကောင်းတဲ့ နောဝစ်ခ်ျ နိုင်ဖို့ များပါတယ်။

Ref : Premier Eleven

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...