ရေဘေးသင့်မှုကြောင့် ကျွဲ၊ နွားဆုံးရှုံးမှုများခဲ့သည့် ရခိုင် ပြည်နယ် ကျောက်တော်၊ မြောက် ဦးနှင့် မင်းပြားဒေသများတွင် တ ရားမ၀င်ကျွဲ၊ နွားသားသတ်ခွင့်ကို ယခင်နှစ်များထက် ထိန်းချုပ်ရန် လိုအပ်သည်ဟု သတင်းရရှိသည်။
‘‘ဒီနှစ် ရခိုင်မှာ ရေကြီးနစ် မြုပ်မှုနဲ့အတူ ကျွဲ၊ နွားတွေ သေ ဆုံးမှုများခဲ့တာကြောင့် ကျွဲ၊ နွား ရှားပါးပြီးတော့ ဈေးလည်းတော် တော်တက်နေပါတယ်။ လွန်ခဲ့တဲ့ နှစ်က လေးသိန်းတန် နွားတစ် ကောင်က အခုခြောက်သိန်းကျပ် ဈေးပေါက်နေပါတယ်။ ကျွဲ၊ နွား ရောင်းတဲ့သူလည်း နည်းနေပါ တယ်’’ ဟု မောင်တောမြို့နယ်မှ ကျွဲနွားရောင်းသူတစ်ဦးက ပြော သည်။
ရခိုင်ပြည်နယ်ရှိ မြို့နယ် တိုင်းတွင် သားသတ်ခွင့်လိုင်စင် ကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့က ပုဂ္ဂလိကသို့ လေလံစနစ် ဖြင့် ရောင်းချကာ သားသတ်ခွင့်ပြု ထားသော်လည်း တရားမ၀င် ကျွဲ၊ နွားများ သားသတ်ခြင်းများရှိ ကြောင်း သားသတ်ခွင့်လိုင်စင်ရ ရှိထားသူများကပြောသည်။
တရားမ၀င် ကျွဲ၊ နွားသား သတ်မှုကို မထိန်းချုပ်ပါက ရခိုင် ဒေသတွင် ကျွဲ၊ နွားရှားပါးမှု ပိုမို ကြုံတွေ့လာမည်ဟု တောင်သူ များကဆိုသည်။
‘‘တောင်သူတွေမှာလည်း ရေဘေးသင့်ခဲ့တာကြောင့် ရှိသမျှ ကျွဲ၊ နွားတွေ သေဆုံးခဲ့ရပါတယ်။ မသေဆုံးဘဲ ပျောက်ဆုံးသွားတဲ့ ကျွဲ၊ နွားတွေလည်းရှိပါတယ်။ သားသတ်ခွင့်ကို သက်ဆိုင်ရာက ထိန်းချုပ်ရင်တော့ ကောင်းပါ မယ်’’ဟု မြောက်ဦးမြို့ခံ တစ်ဦး ကပြောသည်။
ရေကြီးနစ်မြုပ်မှုကြောင့်ကျွဲ၊ နွား အသေအပျောက်များပြားခဲ့ သော်လည်း သက်ဆိုင်ရာမြို့နယ် အသီးသီးတွင် သားသတ်ခွင့်လိုင် စင်များကို ပုဂ္ဂလိကသို့ လေလံ စနစ်ဖြင့် ရောင်းချထားပြီးဖြစ်ကာ သတ်မှတ်ထားသည့်အကောင် အရေအတွက်အလိုက် သားသတ် ခွင့်ပြုထားသော်လည်း တရား မ၀င်သားသတ်ခွင့်ကို ထိန်းချုပ် မည်ဖြစ်ကြောင်း မြောက်ဦးမြို့ နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
‘‘သားသတ်ခွင့်လိုင်စင်တွေ က လေလံစနစ်နဲ့အကုန်လုံး ရောင်းထားပြီးပြီဆိုတော့ သတ် မှတ်ထားတဲ့ အကောင်အရေအ တွက်ကို ခွင့်ပြုပေးရမှာဖြစ်ပါ တယ်။ ဒါပေမဲ့ တရားမ၀င်သား သတ်ခွင့်ကိုတော့ အခွင့်ရလိုင်စင် သမားတွေနဲ့ ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်’’ဟု အထက်ပါတာ ၀န်ရှိသူက ဆက်လက်ပြောသည်။
မြောက်ဦးမြို့နယ်တွင် ဇွန် လနှင့် ဇူလိုင်အတွင်းက ဖြစ်ပွားခဲ့ သည့် ရေကြီးနစ်မြုပ်မှုကြောင့် ကျွဲ၊ နွားအကောင်ရေ ခြောက် ထောင်ခန့် အသေအပျောက်ရှိခဲ့ ကြောင်း သက်ဆိုင်ရာဌာနများ၏ ထုတ်ပြန်ချက်အရ သိရသည်
7daydaily
No comments:
Post a Comment