Wednesday, September 16, 2015

မြန်မာပိုင်နင်အတွင်းဝင်ရောက်စစ်ဆင်မှုမလုပ်ခဲ့ကြောင်းအိန္ဒိယစစ်တပ်ပြောကြား

ပြီးခဲ့သည့် ဇွန်လ ၉ ရက်က စစ်ဆင်ရေးတစ်ခုတွင် စစ် သွေးကြွစခန်း နှစ်ခုကို ဝင်ရောက် စီးနင်းခဲ့သည့် အိန္ဒိယတပ်များသည် မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခဲ့ ခြင်း မရှိဘဲ အိန္ဒိယပိုင်နက် နာဂ လန်းနှင့် မဏိပူရနယ်အတွင်းသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထိုစစ်ဆင်ရေးများတွင် ပါဝင်ခဲ့ပြီး သူရဲကောင်းဆုများ ရရှိခဲ့သည့်တပ်ဖွဲ့ဝင်များ၏ ပြောစကားများ ကို ကိုးကားကာ အိန္ဒိယပြည်တွင်း  အီကောနောမစ်တိုင်းမ်သတင်း စာက ဖော်ပြသည်။

ထိုစဉ်က အိန္ဒိယသတင်းနှင့် ပြန်ကြားရေးဝန်ကြီး ရာ့ဂျယာဘာ ဒန် ရက်သိုးရ်က ထိုစစ်ဆင်ရေး တွင် အိန္ဒိယတပ်များသည် မြန်မာ နယ်စပ်ထဲသို့ ဖြတ်ကျော်ဝင် ရောက်ပြီး စစ်သွေးကြွစခန်း နှစ်ခု ကို စီးနင်းခဲ့ကြောင်း မှားယွင်း ပြောကြားခဲ့သည်။

သို့သော် ထိုဖြစ်စဉ်တွင် ပါ ဝင်ခဲ့ပြီး စစ်ဘက်ဆိုင်ရာ ဂုဏ်ထူး ဆောင်ဘွဲ့များ ရခဲ့သည့် တပ်ဖွဲ့ ဝင် ရှစ်ဦးကမူ ၎င်းတို့ စစ်ဆင်ရေး များတွင် စစ်သွေးကြွ နှစ်ဒါဇင်ခန့် သုတ်သင်နိုင်ခဲ့ပြီး အရေအတွက် အတိအကျကိုမူ  ထုတ်ပြန်ခြင်း မရှိကြောင်း ဆိုသည်။

ထို့ပြင် ၎င်းတို့က စစ်ဆင်ရေး များသည် အိန္ဒိယ-မြန်မာ နယ်စပ် တစ်လျှောက်တွင်သာ ပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး မြန်မာပိုင်နက်အတွင်း သို့ ဝင်ရောက်ခဲ့ခြင်း မရှိကြောင်း ပြောသည်။

အိန္ဒိယအစိုးရသည် ထို စစ်ဆင်ရေး၌ ပါဝင်ခဲ့သည့်တပ်ဖွဲ့ဝင် ၂၁ ဦးကို ပြီးခဲ့ သည့် လွတ်လပ်ရေးနေ့တွင် စစ်ဘက်ဆိုင်ရာ ဂုဏ်ပြုဘွဲ့များပေးအပ်ခဲ့ ပြီး စစ်ဆင်ရေး မှတ်တမ်းကိုမူ  မထုတ်ပြန်ဘဲ ထိန်းသိမ်းထားကြောင်း ဆိုသည်။

ထိုဖြစ်ရပ်တွင် အီကောနော မစ်တိုင်းမ်က မေးမြန်းရာ စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်က ဇွန်လ ၉ ရက် အိန္ဒိယစစ်တပ် သတင်း ထုတ်ပြန်ချက်ကို ပြန်ကြည့်ရန် သာ ညွှန်းဆိုခဲ့သည်။

‘‘ဇွန်လ ၉ ရက် ထုတ်ပြန်ချက် ကို ပြန်ကြည့်ပါ။ စစ်တပ်ဟာ သူပုန်တွေနဲ့ သီးခြားတိုက်ပွဲနှစ်ခု မှာ ထိတွေ့ခဲ့ပြီး ထိုနေရာတွေ ဟာ အိန္ဒိယ-မြန်မာ နယ်စပ်တစ် လျှောက်က နာဂလန်းနဲ့ မဏိပူရ နယ်တွေထဲမှာ ဖြစ်ပါတယ်’’ ဟု ပြောခွင့်ရပုဂ္ဂိုလ်က ရှင်းပြသည်။

ထို့ပြင် ထုတ်ပြန်ချက်တွင် အိန္ဒိယစစ်တပ်သည် မြန်မာအာ ဏာပိုင်များနှင့် ဆက်သွယ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း လည်း ၎င်းက ဆိုခဲ့သည်။

—Ref: The Economic Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...