Wednesday, September 16, 2015

အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးမည့်နေ့ရက်ကိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်စက်တင်ဘာ၂၀တွင်ရန်ကုန်မြို့တွင်တွေ့ဆုံဆွေးနွေးမည်

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေး လက်မှတ်ရေးထိုး မည့် နေ့ရက် သတ်မှတ်ရန် ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ စက်တင်ဘာ ၂၀ ရက် ရန်ကုန်မြို့၌ တွေ့ဆုံ ဆုံးဖြတ် မည်ဟု သတင်းရရှိသည်။

တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာ ချုပ် (NCA) လက်မှတ်ရေးထိုး မည့်ရက်နှင့် အခမ်းအနားအစီအ စဉ်ဆွေးနွေးညှိနှိုင်းရန် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ ထံသို့ UPWC ကဖိတ်ကြားထား ကြောင်း မြန်မာငြိမ်းချမ်းရေး ပြန် လည်ထူထောင်ရေးဗဟိုဌာန (MPC) အကြီးတန်းအကြံပေး ဦး လှမောင်ရွှေကပြောသည်။

NCA ကို အောက်တိုဘာ ပထမပတ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အနိမ်ဆုံးကိုး ဖွဲ့နှင့် လက်မှတ်ရေးထိုးရန်အစိုးရ က မျှော်မှန်းထားသည်။

UPWC ဒုဥက္ကဋ္ဌ ဦးအောင် မင်းသည် စက်တင်ဘာ ၂၀ ရက် တွင် အရပ်ဘက်လူမှုအဖွဲ့အစည်း များနှင့်တွေ့ဆုံ၍ NCA နှင့်ပတ် သက်၍ ရှင်းလင်းပြောကြားမည် ဖြစ်ကြောင်း သတင်းရရှိသည်
ဖိုးသူတော်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...