သင်္ဘောသားများ သ င်္ဘောတက်ပြီး ပြန်ရောက်လာပါ က ပြန်ရောက်ကြောင်း ဌာနသို့ သတင်းပို့ရသည့်စနစ်ကို လူကိုယ် တိုင်လာရောက်စရာမလိုတော့ဘဲ အွန်လိုင်းမှ သတင်းပို့သည့်စနစ်ဖြင့် ပြောင်းလဲရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။
မြန်မာသင်္ဘောသားများ နိုင် ငံခြားသင်္ဘောများတွင် တာဝန် ထမ်းဆောင်ပြီး ပြန်ရောက်ချိန်၌ ရောက်ရှိကြောင်း သင်္ဘောသားကိုယ်တိုင် ဌာနမှတ်တမ်းတွင် သွားရောက်စာရင်းသွင်းခဲ့ရာမှ ယခုလမှစတင်၍ သင်္ဘောသားကိုယ်တိုင်လာရောက်စရာမလိုဘဲ စေလွှတ်သည့် ကုမ္ပဏီက အွန်လိုင်းမှ အကြောင်းကြားသည့်စနစ်သို့ ပြောင်းလဲမည်ဟု သင်္ဘောသားဌာနခွဲ ညွှန်ကြားရေးမှူး ဦးတိုးမြင့်က ပြောသည်။
‘‘ပြန်ရောက်သတင်းပို့တာ ကို ဌာနကိုမလာရတော့ဘူး။ ထွက် တဲ့ ကုမ္ပဏီကတစ်ဆင့်ပဲ အွန်လိုင်းကနေ သတင်းပို့လို့ရအောင် စီစဉ်နေတယ်။ သင်္ဘောသားအနေနဲ့ ဌာနကိုလာပြီး သတင်းပို့စရာ မလိုတော့ဘူး။ သင်္ဘောသားပြန် ရောက်တာကိုတော့ ကုမ္ပဏီက သိဖို့လိုအပ်ပါတယ်’’ဟု ဦးတိုးမြင့်က ပြောသည်။သင်္ဘောသားများ သင်္ဘောတက်ရာတွင် ထွက်ခွာခွင့်ပုံစံကို ကုမ္ပဏီမှ သင်္ဘောသားဌာန၌ ထုတ်ယူရသည့်စနစ်မှ အွန်လိုင်း စနစ်ဖြင့် ယခုနှစ်ဇန်န၀ါရီလကတည်းက ပြောင်းလဲခဲ့ပြီး ယခုအခါတွင်ရုံးပိတ်ရက်များ၌ပါ ထုတ်ယူနိုင်ရန် အော်တိုစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ ထိုသို့ သင်္ဘောသားသတင်း ပို့ခြင်းစနစ်နှင့် ထွက်ခွာခွင့်ပုံစံကို အွန်လိုင်းစနစ်ဖြင့် ပြောင်းလဲလုပ် ဆောင်ရန် ဌာနအတွင်း၌လည်း အချက်အလက်ပြည့်စုံစေရန် ပြု လုပ်ထားရှိပြီး သင်္ဘောသားကုမ္ပ ဏီများသို့လည်း အကြောင်းကြား ထားကြောင်း သိရသည်
7daydaily
No comments:
Post a Comment