တရုတ်နိုင်ငံ နန်ကျန်းပြည်နယ်က မိန်းကလေးတစ်ဦးက အမေရိ ကန်ပြည်ထောင်စုက ခရီးသွားတွေကို ဆွဲဆောင်ထားတဲ့ Lover’s Lane ရထားသံလမ်းပေါ်မှာ ဓာတ်ပုံရိုက်ကူးဖို့အတွက် ခရီးသည် တင်ပြေးဆွဲနေတဲ့ ရထားကို ခေတ္တရပ်တန့်ပေးဖို့ နှစ်ကြိမ်တိုင်တိုင် တောင်းဆိုခဲ့ကာ ဓာတ်ပုံရိုက်ကူးခဲ့တဲ့တာကြောင့် ပြင်းထန်တဲ့ပြစ် တင် ဝေဖန်ရှုံ့ချမှုတွေကို ခံခဲ့ရပါတယ်။
တက္ကဆက်ပြည်နယ်၊ ဒယ်လက်မြောက်ပိုင်းက ယင်းရထားသံလမ်း ရဲ့ လှပပြီးရင်သပ်ရှုမောဖွယ်ကောင်းတဲ့ စိမ်းစိုစိုရှုခင်းက ခရီးသွား တွေကို အဓိကဆွဲဆောင်ထားပြီး ထိုရထားသံလမ်းမှာဆိုရင် အမြဲ လိုလို ခရီးသွားတွေနဲ့ ပြည့်နှက်နေတာကို တွေ့ရတာလည်းဖြစ် ပါတယ်။ ထို့အတွက်ကြောင့် အဆိုပါမိန်းကလေးက သူမတို့ခရီး သွားအုပ်စုရဲ့ အမှတ်တရ ဓာတ်ပုံတွေကို ရိုက်ကူးရန် ဖြတ်သန်း ခုတ်မောင်းလာတဲ့ ရထားကို ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့တာပဲဖြစ် ပါတယ်။
ထိုသို့ တစ်ကိုယ်ကောင်းဆန်ပြီး ပြည်သူတွေရဲ့ ခရီးသွားသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းကို နှောင့်နှေးကြန့်ကြာအောင်လုပ်ဆောင်ခဲ့ တာကြောင့် သူမရဲ့ဆိုရှယ်မီဒီယာတင်ထားတဲ့ အဆိုပါဓာတ်ပုံတွေ အောက်မှာ အင်တာနက်အသုံးပြုသူတွေက ကဲ့ရဲ့ပြစ်တင်ခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်
credit===ဖိုးသူတော်
No comments:
Post a Comment