Tuesday, September 22, 2015

မျိုးစောင့်ဥပဒေကိုပြည်သူလူထုမှထောက်ခံကြောင်းကမ္ဘာမှသိစေရန်အောင်ပွဲခံအခမ်းအနားပြုလုပ်ခြင်းဖြစ်

 ရဟန်းရှင်လူ သောင်းချီ လမ်းလျှောက်ဆန္ဒပြုကာ မျိုးစောင့်ဥပဒေ အောင်ပွဲခံအခမ်းအနား များပြုလုပ်ရခြင်းမှာ ဥပဒေကို လူထုက ထောက်ခံသည့်အ ကြောင်း ကမ္ဘာသိစေရန် အင်အား ပြခြင်းဖြစ်ကြောင်း ဆရာတော် ဦးဝီရသူ (မစိုးရိမ်) က မိန့်ကြား သည်။

မဘသ (အထက်မြန်မာ ပြည်) မန္တလေးတိုင်းဒေသကြီးက ဦးဆောင်ကာ မျိုးစောင့်ဥပဒေ အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ခြင်းအ တွက် အောင်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၁ ရက်တွင်မန္တလေး မြို့၌ ပြုလုပ်ခဲ့ရာ ရဟန်းသံဃာ၊ သီလရှင်နှင့် လူအင်အား သောင်း ချီပါဝင်ခဲ့သည်။

‘‘ဒီလိုဆန္ဒပြုရခြင်းဟာ မျိုး စောင့်ဥပဒေကို မြန်မာပြည်သူ ပြည်သားနဲ့သံဃာထု၊သီလရှင်ထု အားလုံးက တစ်ခဲနက်ထောက်ခံ တယ်ဆိုတာကို ကမ္ဘာကြီးသိစေ ချင်လို့ပါ။ အဲဒီလို အင်အားသိ သွားမှသာ မျိုးစောင့်ဥပဒေကို ဖျက်လိုဖျက်ဆီးလုပ်မယ့် အန္တ ရာယ်က ကင်းသွားမှာဖြစ်ပါ တယ်’’ဟု ဆရာတော်ဦးဝီရသူ (မစိုးရိမ်)က မိန့်ကြားသည်။မျိုးစောင့်ဥပဒေခေါ် တစ် လင်တစ်မယားစနစ်ကျင့်သုံး ခြင်း ဆိုင်ရာ ဥပဒေ၊ ဘာသာကူး ပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက် ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ နှင့်လူဦးရေထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို ပြီးခဲ့သည့်လပိုင်းအ တွင်း ပြည်ခိုင်ဖြိုးပါတီဦးဆောင် သည့် ဦးသိန်းစိန်အစိုးရနှင့် လွှတ် တော်က အတည်ပြု ပြဋ္ဌာန်းခဲ့ သည်။

ယင်းဥပဒေပြဋ္ဌာန်းပြီးနောက် မဘသအဖွဲ့က ဦးဆောင်ကာ မျိုး စောင့်ဥပဒေအောင်ပွဲ အခမ်းအ နားများကို နိုင်ငံတစ်ဝန်းတွင် ကျင်းပပြီး စက်တင်ဘာ ၂၁ ရက်တွင်မန္တလေးမြို့၌ အောင်ပွဲခံအခမ်း အနား ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မန္တလေးမြို့တွင် ပြုလုပ်ခဲ့သည့် မျိုးစောင့်ဥပဒေ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အလိုက် ဖွဲ့စည်းထား သည့် မဘသအဖွဲ့များအပြင် စစ် ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရေဦး၊ ခင်ဦး စသည့် မြို့နယ်များရှိ မဘသ အဖွဲ့များ လာရောက်ပူး ပေါင်း အောင်ပွဲခံခဲ့ကြောင်း မဘသ ဦးဆောင်ဆရာတော်တစ်ပါးဖြစ် သည့် ဆရာတော် ဦးဣန္ဒာစက္ကက မိန့်ကြားသည်။

လာမည့် ရက်ပိုင်းအတွင်း အစိုးရရုံးစိုက်ရာ နေပြည်တော် အပါအ၀င် မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးအချို့တွင် မျိုးစောင့် ဥပဒေအောင်ပွဲများ ဆက်လက် ကျင်းပပြုလုပ်မည်ဖြစ်ပြီး  မျိုး စောင့်ဥပဒေပြဋ္ဌာန်းနိုင်ခဲ့ခြင်းနှင့် ပတ်သက်၍  နိုင်ငံလုံးကျွတ် အောင်ပွဲခံ အခမ်းအနားကို တော် သလင်းလပြည့် (စက်တင်ဘာ ၂၈ ရက်) တွင် ရန်ကုန်မြို့၌ ပြု လုပ်မည်ဟုဆိုသည်။

မျိုးစောင့်ဥပဒေသည် နိုင်ငံ တကာလူ့အခွင့်အရေးစံနှုန်းများ နှင့် ကိုက်ညီမှုမရှိကြောင်း ဝေဖန် ခံရမှုများရှိခဲ့သည်။ မျိုးစောင့် ဥပဒေခေါ် ဥပဒေလေးရပ်အတည် ပြုပြဋ္ဌာန်းရန် ကြိုးစားခြင်းနှင့် ပတ်သက်၍လည်း လွှတ်တော်အ တွင်း ကန့်ကွက်မှုများရှိခဲ့ကာ ဥပဒေအတည်ပြုပြဋ္ဌာန်းခဲ့သည့် သမ္မတ ဦးသိန်းစိန်ကိုလည်း ဝေဖန်မှုများ ရှိခဲ့သည်။

သို့သော် သမ္မတဦးသိန်းစိန် သည် ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေးကို ဖော်ဆောင်သူဖြစ်ပြီး  မျိုး စောင့်ဥပဒေ ပြဋ္ဌာန်းပေးသည့် အတွက် ကျေးဇူးရှင်အဖြစ် မှတ် ယူမည်ဖြစ်ကြောင်း ဆရာတော် ဦးဝီရသူ (မစိုးရိမ်) က မိန့်ကြား သည်။ ထို့အပြင် သမ္မတဦးသိန်း စိန်ကို သမိုင်းတာဝန်ကျေပွန်သူ အဖြစ် မှတ်တမ်းတင်ဂုဏ်ပြု ကြောင်း မဘသဦးဆောင်ဆရာ တော်များက မိန့်ကြားသည်
7daydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...