ပြည်သူလူထုအား မက် လုံးပေး မဲဆွယ်မှုများနှင့်ခြိမ်း ခြောက်ပြီး မဲဆွယ်မှုများသည် ရွေးကောက်ပွဲဆိုင်ရာဥပဒေများ နှင့် မညီညွတ်သည့်အတွက် ယင်း သို့ မဲဆွယ်မှုများကို ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားမည်ဖြစ်ကြောင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပြော ကြားသည်။
‘‘စည်းမျဉ်းစည်းကမ်းနဲ့မညီ တဲ့ မဲဆွယ်မှုတွေကိုတော့ ကျွန်မ တို့ဟာ ငုံ့ပြီးတော့ခံနေမှာမဟုတ် ဘူး။ ပြည်သူတွေကလည်း ငုံ့ပြီး မခံပါနဲ့။ ခြိမ်းခြောက်တာတို့၊မက် လုံးပေးတာတို့၊ သူများကို အပုပ် ချပြီး စည်းရုံးတာတို့ဒီဟာတွေဟာ ဥပဒေနဲ့မကိုက်ညီပါဘူးဆိုတာ ကျွန်မပြောပါရစေ’’ဟု ဒေါ်အောင် ဆန်းစုကြည်ကပြောသည်။
စက်တင်ဘာ ၂၁ ရက်က ရန်ကုန်တိုင်း ကော့မှူးမြို့နယ် မ ဆယ်ဆိပ်ကျေးရွာတွင် ပြုလုပ် သော မဲဆွယ်စည်းရုံးမှုဟောပြော ပွဲ၌ တက်ရောက်လာသော ဒေသ ခံပြည်သူများအား ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘အခုရွေးကောက်ပွဲမှာ ကျွန် မတို့အဖွဲ့ချုပ်ကိုရော ကျွန်မကို ရော တိုက်ခိုက်ပြီးတော့ မဲဆွယ် တာတွေ လုပ်တယ်လို့ ကျွန်မတို့ ကြားပါတယ်။ ကျွန်မတို့က ဘယ် တော့မှ ဘယ်သူ့ကိုမှ ပုဂ္ဂိုလ်ရေး အရ တိုက်ခိုက်ပြီးတော့ မဲမဆွယ် ပါဘူး။ လုပ်ငန်းပိုင်းဆိုင်ရာဥပမာ စည်းမျဉ်းစည်းကမ်းချိုးဖောက်ပြီး လုပ်တယ်ဆိုရင် ကျွန်မတို့မခံဘူး။ ကျွန်မတို့ရွေးကောက်ပွဲ ကော်မ ရှင်ကို တိုင်တယ်။ ရွေးကောက်ပွဲ ကော်မရှင်က ဘယ်လိုအရေးယူ မလဲဆိုတာ စောင့်ကြည့်နေပါ တယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်ကဆိုသည်။
အဆိုပါဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရန် မဲ ဆွယ်စည်းရုံးရေးကို အဓိကထား ဟောပြောခဲ့ပြီး ရွေးကောက်ပွဲ တွင် အနိုင်ရပါက ပြည်သူများကို တရားဥပဒေဘောင်အတွင်းမှ လုပ်ပိုင်ခွင့်များ ပြည့်ပြည့်၀၀ ပေးသွားမည်ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့သည်။
ထို့အပြင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် အစိုးရအဖွဲ့ဖြစ်ပါ က အဂတိတရားကင်းရှင်းသော အစိုးရတစ်ရပ်ဖြစ်ရန် ဆောင်ရွက် မည်ဖြစ်ကာ ပြည်သူများသည် နိုင်ငံ၏အနာဂတ်အတွက် မဲပေး ရန် လိုအပ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ထည့်သွင်းပြော ကြားခဲ့သည်။
စက်တင်ဘာ ၂၁ ရက်က မဆယ်ဆိပ်ကျေးရွာတွင်ပြုလုပ် သည့် ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲကို ညနေပိုင်း၌ ပြု လုပ်ခဲ့သော်လည်း ဒေသခံပြည်သူ များသည် ယင်းနေ့နံနက်က တည်းကပင် ဟောပြောပွဲပြုလုပ် မည့်နေရာသို့ လာရောက်၍ဒေါ် အောင်ဆန်းစုကြည်အား စောင့် ဆိုင်းကြိုဆိုခဲ့ကြသည်။
‘‘ကျွန်တော်တို့ကတော့ ဖြောင့်ဖြောင့်မတ်မတ်ရှိရမယ်။ အနစ်နာခံတဲ့သူလည်းဖြစ်ရမယ်။ အဲဒီလိုလူမျိုးကိုပဲ မဲပေးချင် တယ်။ နောက်ငါးနှစ်မှာတိုင်းပြည် အပြောင်းအလဲဖြစ်တာတော့ မြင် တွေ့ချင်တယ်’’ဟု မဆယ်ဆိပ် ကျေးရွာဒေသခံ ဦးအုန်းခင်က ပြောသည်။
စက်တင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ သုံးရက်ကြာ သွား ရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစု ကြည်၏ ပထမဦးဆုံး မဲဆွယ်စည်း ရုံးမှုခရီးစဉ်ဖြစ်သော ကယား ပြည်နယ် ခရီးစဉ်အတွင်းတွင် လည်း မဲဆွယ်စည်းရုံးမှုများ၌ မက်လုံးပေး မဲဆွယ်သူများကို မဲမ ထည့်ရန် ဒေါ်အောင်ဆန်းစုကြည် က ဒေသခံပြည်သူလူထုအားပြော ကြားခဲ့သည်
7daydaily
No comments:
Post a Comment