Wednesday, September 16, 2015

စပိတ်စစ်ကြောင်းဖြိုခွဲစဉ်ကသိမ်းဆည်းခံရသောဖုန်းများပြန်လည်မရရှိသဖြင့်ရဲတပ်ဖွဲဝင်များကိုတရားစွဲဆိုမည်

အမျိုးသားပညာ ရေးဥပဒေ သပိတ်စစ်ကြောင်းကို ဖမ်းဆီးထိန်း သိမ်းစဉ်သိမ်းဆည်း ခံရသည့် ငွေကျပ်သိန်း ၂၀၀ ကျော် တန်ဖိုးရှိသော မိုဘိုင်းဖုန်းများ ပြန်မရသဖြင့် ရဲတပ်ရင်း (၁)၊ (၁၀) နှင့် (၁၁)ကို လာမည့်စက်တင်ဘာ ၂၂  ရက် ရုံးချိန်း၌ လုယက်မှုဖြင့်တရားစွဲ ဆိုမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သပိတ်စစ်ကြောင်းကို လက်ပံတန်းမြို့၌ မတ်လ ၁၀ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းစဉ် သပိတ်မှောက် ကျောင်းသားနှင့် ၀န်းရံပြည်သူ များထံမှ သိမ်းဆည်းခဲ့သည့် မို ဘိုင်းဖုန်း အလုံးရေ ၁၀၀ ကျော်အနက် အလုံး ၃၀ ခန့်သာ ပြန်လည်ရရှိခဲ့သည့်အတွက် လုယက်မှုဖြင့် ရဲတပ်ရင်းများကို တရားစွဲဆိုရန် စီစဉ်ရခြင်းဖြစ်ကြောင်း ကျောင်းသားခေါင်းဆောင်များက ပြောသည်။

‘‘သပိတ်စစ်ကြောင်းက လူ ၁၅၀ နီးပါးလောက်ရှိတယ်။ လူ တိုင်းကိုယ်စီ ဖုန်းတွေ အကုန်အ သိမ်းခံရတယ်။ တစ်လုံးကို ပျမ်း မျှတွက်မယ်ဆိုရင် ရှစ်သောင်းနဲ့ တွက်ရင်တောင် သိန်း ၂၀၀ နီးပါးလောက်ဖြစ်နေတယ်။ ထောင်မှာ လည်း အားလုံးပြန်ထုတ်ပေးပြီးတဲ့ အချိန်မှာ ဖုန်းက ၃၀ လောက်ပဲ ပြန်ရတဲ့အတွက် တော်တော်များ များပျောက်ဆုံးနေတယ်။ အဲဒါကို ရှေ့နေတွေနဲ့ တိုင်ပင်ပြီးတော့ လုယက်မှုနဲ့ ပြန်တရားစွဲမယ်။ တရားရုံးက တရားစွဲခွင့်ပေး၊ မ ပေးက သူတို့သဘောထားပဲ ဖြစ် တယ်။ ကျွန်တော်တို့ တင်သမျှကို အကုန်လုံးပယ်ချနေတာဆိုတော့ ကျွန်တော်တို့က ဥပဒေကြောင်း အရ အာဏာပိုင်အဖွဲ့အစည်းကို တရားစွဲခွင့်ရှိတယ်ဆိုတာကို သိရ အောင် လာမယ့်တစ်ပတ်မှာ ပါဝါလွှဲပြီး တင်မှာပါ’’ဟု ကျောင်းသား ခေါင်းဆောင် ကိုမင်းသွေးသစ်က ပြောသည်။

အဆိုပါရဲတပ်ရင်းများကို လုယက်မှုဖြင့် တရားစွဲဆိုခြင်းနှင့် ပတ်သက်၍ သာယာဝတီအကျဉ်း ထောင်၌ ဖမ်းဆီးခံထားရသည့် သပိတ်မှောက်ကျောင်းသားနှင့် ၀န်းရံပြည်သူများ၏ ရှေ့နေကိုယ် စားလှယ်လွှဲစာရရှိပြီးပါက ဆက် လက်ဆောင်ရွက်မည် ဖြစ် ကြောင်း    တရားလွှတ်တော်ရှေ့နေဦးရောဘတ်စန်းအောင်က ပြော သည်။ သာယာဝတီထောင်အ တွင်း ဖမ်းဆီးထားသည့် သပိတ် မှောက်ကျောင်းသားနှင့် ၀န်းရံ ပြည်သူများကို စက်တင်ဘာ ၁၅ ရက်တွင် သာယာဝတီမြို့နယ် တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ပြီး ၎င်းတို့၏ အမှုတွဲမှာ သာယာဝတီ ခရိုင်တရားရုံးသို့ ရောက်ရှိနေ သောကြောင့် အမှုမစစ်ဆေးဖြစ် ဘဲ လာမည့်စက်တင်ဘာ ၂၂ ရက်သို့ ထပ်မံချိန်းဆိုခဲ့သည်။

‘‘အမှုတွဲက ခရိုင်ရုံးကို ရောက်နေလို့ ရုံးချိန်းပဲ ချိန်းတာပါ။ ပြီးခဲ့တဲ့ ရုံးချိန်းတုန်းက ရှေ့နေဦး ကြီးမြင့်တင်ထားတဲ့ လေးပွင့်ဆိုင် သဘောတူညီချက်စာချုပ်မူရင်းနဲ့ သံတော်ဆင့်ဂျာနယ် နှစ်စောင်ကို မြို့နယ်ရုံးက သက်သေခံအဖြစ် လက်မခံလို့ ခရိုင်ရုံးကို ပြင်ဆင်မှု တက်ထားပါတယ်’’ဟု တရား လွှတ်တော်ရှေ့နေ ဒေါ်ခင်ခင် ကျော်က ပြောသည်။

စက်တင်ဘာ ၁ ရက် ရုံးချိန်း တွင် သာယာဝတီမြို့နယ်တရား ရုံး၌ တရားသူကြီး၊ တရားလွှတ်တော်ရှေ့နေနှင့် သပိတ်မှောက်ကျောင်းသားများ အချေအတင်ဖြစ်ပွားခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ တရားခံရှေ့နေ ဒေါ်ခင်ခင်ကျော်အား ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၂၈ (၀တ္တရားနှောင့်ယှက်မှု)ဖြင့် တရားစွဲဆိုထားပြီး စက်တင်ဘာ ၂၁ ရက်၌ သာယာဝတီမြို့နယ်တရားရုံးသို့ လာရောက်ဖြေရှင်းရန် ချိန်းဆိုခဲ့သည်။

‘‘စက်တင်ဘာ ၁ ရက်နေ့ရုံး ချိန်းတုန်းက ဖြစ်ပွားတဲ့ တရားသူ ကြီးနဲ့ ကျွန်မနဲ့ အပြန်အလှန်အ ငြင်းပွားမှုနဲ့ ပတ်သက်ပြီးတော့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၂၈ နဲ့ တရားစွဲလိုက်တယ်။ စက်တင်ဘာ၂၁ ရက်ကျရင် တရားရုံးကို လာပြီးတော့ ဖြေရှင်းရမယ်’’ဟု တရား လွှတ်တော်ရှေ့နေ ဒေါ်ခင်ခင် ကျော်က ပြောသည်။

သာယာဝတီမြို့နယ် တရား ရုံးသည် သာယာဝတီထောင်၌ ဖမ်းဆီးထားသည့် ကျောင်းသားများ အပါအ၀င် ၀န်းရံပြည်သူများနှင့် ရန်ကုန်မြို့၌ ဖမ်းဆီးခံရသည့် ကျောင်းသားခေါင်းဆောင် ကိုနန္ဒစစ်အောင်တို့ကို ဥပဒေနှင့် ဆန့် ကျင်သော အစုအဝေး၌ ပါဝင်မှု ပုဒ်မ ၁၄၃၊ လူစုခွဲရန် အမိန့်ပေး ပြီးနောက် ဆက်လက်ပါဝင်မှုပုဒ်မ၁၄၅၊ ရုန်းရင်းဆန်ခတ်ဖြစ်စေမှု ပုဒ်မ ၁၄၇၊ တာဝန်ထမ်းဆောင် နေသော ၀န်ထမ်းကို နာကျင်စေမှု ပုဒ်မ ၃၃၂ နှင့် နိုင်ငံတော်အကြည် ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)တို့ဖြင့်တရားစွဲဆိုခဲ့သည်
7daydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...