မန္တလေးတိုင်းဒေသ ကြီးရှိ လွှတ်တော်မဲဆန္ဒနယ်မြေများတွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည် ရန်ပုံငွေအခက်အခဲကြောင့် မဲဆွယ်စည်းရုံးမှုများ မပြုလုပ်နိုင်သေးကြောင်း သတင်းရရှိသည်။
‘‘တခြားပါတီကြီးတွေလို အ လှပြယာဉ်တွေနဲ့ မဲဆွယ်စည်းရုံး တဲ့ ကမ်ပိန်းတွေ လုပ်ချင်တယ်။ ဒါပေမဲ့ ပါတီရန်ပုံငွေအခက်အခဲ ကြောင့် မလုပ်နိုင်ဘူး။ ရွေးကောက်ပွဲနီးကပ်တဲ့အချိန်မှာတော့ ပန်း ဖလက် (လက်ကမ်းစာစောင်) ဝေတာမျိုးလို လုပ်ဖို့ရှိတယ်’’ ဟု မန္တလေးတိုင်းဒေသကြီးအတွင်း မဲဆန္ဒနယ် ငါးနေရာတွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် မည့် မန္တလေးမြို့အခြေစိုက် ပြည် သူ့ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဦး အောင်မြင့်က ပြောသည်။
မန္တလေးတိုင်း မဲဆန္ဒနယ်မြေ ၉၅ နေရာတွင် နိုင်ငံရေးပါတီ ၂၀ မှ ကိုယ်စားလှယ်လောင်း ၃၈၈ ဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၁ ဦးတို့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး လက်ရှိအချိန်ထိ ပြည်ခိုင်ဖြိုးနှင့် ဒီချုပ်ပါတီ နှစ်ခုတို့ကသာ မဲဆွယ်စည်းရုံးမှုများ အဓိကပြုလုပ်နေသည်ဟု မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သတင်းရရှိသည်။
ဒီမိုကရက်တစ်ပါတီ (မြန် မာ)၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးပါတီ၊ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည် ထောင်စုမြန်မာနိုင်ငံ)ပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် လောင်းအဖြစ် ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်မည့် မန္တလေးမြို့ တော်ဝန်ဟောင်း ဦးဖုန်းဇော်ဟန် တို့၏ ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးမှုပြုလုပ်ရန် သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲကော်မရှင်ထံ ခွင့်ပြုချက်တင်ပြတောင်းခံထား သော်လည်း လက်ရှိအာဏာရပါ တီနှင့် အဓိကအတိုက်အခံပါတီ တို့ကသာ မဲဆွယ်စည်းရုံးမှုများ အဓိကပြုလုပ်နေခြင်း ဖြစ်သည် ဟု ဆိုသည်။
‘‘ပြင်ဦးလွင်မှာ ပြည်ခိုင်ဖြိုး နဲ့ NLD က စက်တင်ဘာ ၈ ရက် ကတည်းက မဲဆွယ်စည်းရုံးဟော ပြောနေတယ်။ တခြားပါတီတွေ တော့ မရှိသေးဘူး’’ဟု ပြင်ဦးလွင် ခရိုင်မှ ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးဇော်ဝင်းထိုက်က ပြော သည်။
ရန်ပုံငွေအခက်အခဲကြောင့် လတ်တလောစည်းရုံးဟောပြော မှု မလုပ်ဆောင်နိုင်သေးသော် လည်း ရွေးကောက်ပွဲနီးကပ်လာ ချိန်တွင် မဲဆွယ်စည်းရုံးဟောပြော မှုများလုပ်ဆောင်ရန် စီစဉ်ထား ကြောင်း နိုင်ငံရေးပါတီများက ပြောသည်။
‘‘အလှပြယာဉ်ဆင်တာကို က ရှစ်သိန်းနဲ့ ဆယ်သိန်းကြား လောက်ကုန်မယ်။ စည်းရုံးလှည့် လည်မယ်ဆို တခြားကုန်ကျစရိတ်တွေရှိသေးတယ်။ လောလော ဆယ်တော့ မလုပ်နိုင်သေးဘူး။ စက်တင်ဘာ ၁၇ ရက်နောက်ပိုင်း တော့ လုပ်ဖို့အစီအစဉ်ရှိတယ်’’ ဟု မန္တလေးတိုင်းတွင် လွှတ်တော် ကိုယ်စားလှယ်လောင်း ၂၈ ဦးဝင် ရောက်ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ ဗဟို ကော်မတီဝင် ဦးခင်မောင်သန်းက ပြောသည်။
မန္တလေးတိုင်းဒေသကြီးအ တွင်း မဲဆန္ဒနယ် ၄၅ ခုတွင် ၀င် ရောက်ယှဉ်ပြိုင်မည့် အမျိုးသား တိုးတက်ရေးပါတီက ရွေးကောက်ပွဲအောင်နိုင်ရေး ကိုယ်စားလှယ် လောင်းတစ်ဦးလျှင် ကျပ်သိန်း ၃၀ ခန့်သုံးစွဲရန် ရည်ရွယ်ထားပြီး မဲဆွယ်စည်းရုံးလှုပ်ရှားမှုများကို ရွေးကောက်ပွဲနီးကပ်လာချိန် လူ ထုစိတ်ဝင်စားမှုမြင့်တက်လာချိန် မှသာ အဓိကထားလုပ်ဆောင် မည်ဟု ဆိုသည်။
နိုင်ငံရေးပါတီများ စတင်မဲ ဆွယ်စည်းရုံးခွင့်ပြုသည့် စက်တင်ဘာ ၈ ရက်မှစတင်ကာ ပြည်ခိုင် ဖြိုးပါတီနှင့် NLD ပါတီတို့ အလှ ပြယာဉ်များဖြင့် အပြိုင်အဆိုင်မဲ ဆွယ်စည်းရုံးမှုများ လုပ်ဆောင် နေပြီး ပြည်ခိုင်ဖြိုးပါတီအနေဖြင့် မန္တလေးခရိုင်အတွင်း တစ်မြို့နယ် လျှင် အလှပြယာဉ်တစ်စီးနှုန်းဖြင့် မဲဆွယ်စည်းရုံးနေကြောင်း သတင်းရရှိသည်
7daydaily
No comments:
Post a Comment