Monday, September 21, 2015

တပ်မတော်မှအာဏာပြန်သိမ်းရန်အစီအစဉ်လုံးဝမရှိဟုဆို

ရွးကောက်ပွဲနှင့်ပတ် သက်၍ အာဏာပြန်သိမ်းရန် အ စီအစဉ်လုံးဝမရှိကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၂၁ ရက်တွင် ပြုလုပ်သည့် မီဒီယာများနှင့်တွေ့ဆုံရှင်း လင်းပွဲ၌ ပြောကြားလိုက်သည်။

ရွေးကောက်ပွဲ နီးလာချိန်တွင် တပ်မတော်က အုပ်ချုပ်မှုပိုင်းဆိုင်ရာများပြန်လည်တာဝန်ယူ နိုင်မည့် အခြေအနေနှင့် စပ်လျဉ်း၍ သတင်းထောက်တစ်ဦး၏ မေးခွန်းကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါ အတိုင်း ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

‘‘အတိုဆုံးအဖြေကတော့ ဒီ လိုအစီအစဉ်လည်း ကျွန်တော့်မှာ လုံးဝမရှိဘူးဆိုတာ ကျွန်တော်တင်မဟုတ်ဘူး။ တပ်မတော်မှာ လုံးဝ အစီအစဉ်မရှိဘူးလို့ ကျွန် တော် ပြောပါရစေ’’ဟု တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောသည်။

တပ်မတော်သည် စည်းမျဉ်း စည်းကမ်းနှင့်အညီဆောင်ရွက် ရန် လိုလားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အာဏာသိမ်းမည်ကို လိုလားခြင်းမရှိကြောင်း မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။

‘‘တပ်မတော်ရဲ့ဆန္ဒအရအာဏသိမ်းတာမျိုးကို ကျွန်တော်တို့မလိုလားပါဘူး။ ကျွန်တော်တို့ ဒီဆန္ဒတကယ်အမှန်ပါ။ ဒီကိစ္စကိုမကြိုက်ပါဘူး’’ ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြော ကြားသည်။

ဆက်လက်၍လည်း ‘‘တပ်မတော်ဆိုတာ စည်းနဲ့ကမ်းနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းအပြင်စည်းကမ်းကိုအခြေခံပြီး လုပ်ဆောင်ရတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ အင်မတန်ကြီးမားတဲ့ အင်စကီးကျူးရှင်းလည်းဖြစ်ပါတယ်။ ဒါကြောင့် စည်းကမ်းနဲ့ အညီပဲ ကျွန်တော်တို့ သွားချင်ပါတယ်။ သွားဖို့လိုလားပါတယ်’’ ဟု ပြောသည်။

ထို့အပြင် ‘‘ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတာတွေ ရှိပါတယ်။ဒီပြဋ္ဌာန်းချက်အတိုင်း ကျွန်တော်တို့ သွားပါမယ်။ ကျွန်တော်တို့ ဒါကို ကျော်လွန်လို့ မရပါဘူး’’ ဟု ဆက်လက်ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့် စာနယ်ဇင်းကောင်စီ(ယာ ယီ)၊ မီဒီယာများ နေပြည်တော် တွေ့ဆုံပွဲတွင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က အစ္စရေးခရီး စဉ်၊ ရေဘေးကယ်ဆယ်ရေး၊ ငြိမ်း ချမ်းရေးနှင့် စစ်ဘက်ရေးရာ အ သုံးအနှုန်းများမှန်ကန်စွာရေးသား ဖော်ပြနိုင်ရေးစသည့်ကိစ္စရပ်များ ကို ရှင်းလင်းပြောကြားခဲ့သည်
7daydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...