Sunday, September 20, 2015

တက္ကသိုလ်ကျောင်းသားတစ်ဦးနဝဒေးတံတားပေါ်မှပြုတ်ကျ

 ပြည်တက္ကသိုလ် ရူပဗေဒအထူးပြု၊  ဒုတိယနှစ်တက္ကသိုလ်ကျောင်းသားတစ်ဦး ပြည်မြို့ န၀ဒေးတံတားကြီးပေါ်မှ ဧရာဝတီမြစ်အတွင်းသို့ ပြုတ်ကျမှုဖြစ်ပွားခဲ့ ကြောင်း န၀ဒေးတံတားကြီး ရဲကင်းမှ သတင်းရရှိသည်။

တက္ကသိုလ် ကျောင်းသား သည် စက်တင်ဘာ ၁၈ ရက် ည နေ ၆ နာရီခွဲခန့်က တံတားပေါ်မှ ပြုတ်ကျခဲ့ရာ စက်တင်ဘာ ၁၉ ရက် နေ့လယ်အထိ ရှာဖွေမတွေ့ သေးကြောင်း ဆွေမျိုးမိဘများဧရာဝတီမြစ်အတွင်း လိုက်လံရှာဖွေ လျက်ရှိကြောင်း န၀ဒေးတံတား ကြီးရဲကင်းမှ သိရသည်။

‘‘ကျောင်းသားသုံးယောက် တံတားပေါ်လမ်းလျှောက်တယ်။ သုံးယောက်စလုံး အရက်သောက် ထားတယ်။ တံတားကို ကာထား တဲ့ လက်ရမ်းပေါ်တစ်ယောက်က တက်ထိုင်ရာက ပြုတ်ကျခဲ့တာ ဖြစ်တယ်’’ဟု န၀ဒေးရဲကင်းမှ တာဝန်ကျ ရဲအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပြည်တက္ကသိုလ် ဒုတိယနှစ် ကျောင်းသားများဖြစ်သည့် နေ မင်းကျော်သူ (၁၉)နှစ်၊ ကျော်မျိုး နိုင် (၂၀) နှစ်၊ သူရထွန်း (၁၉)နှစ် တို့သည် ၎င်းတို့စီးလာသည့် ဆိုင် ကယ်ကို န၀ဒေးတံတားကြီး အ နောက်ဘက်ထိပ်တွင် ရပ်ထား ကာ တံတားကြီးပေါ်တွင် လမ်း လျှောက်ခဲ့ကြသည်။

တံတားကြီး၏ ရေလယ်တိုင် အမှတ် (၈) အရောက်တွင် နေ မင်းကျော်သူသည် တံတားအား လက်ရန်းပေါ်သို့ တက်ထိုင်ခဲ့ရာမှ မြစ်အတွင်းသို့ ပြုတ်ကျခဲ့သည်။

ပြုတ်ကျသည်ကို တွေ့မြင်သည့် သူငယ်ချင်းတစ်ဦးက လှမ်းဆွဲသော်လည်း နေမင်းကျော်သူ၏ အပေါ်ဝတ် အင်္ကျီကိုသာရရှိခဲ့ပြီး ကျန်ရစ်သူ ကျောင်းသားနှစ်ဦးက န၀ဒေးရဲ ကင်းသို့ လာရောက်အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း န၀ဒေး တံတားကြီးရဲကင်းမှ သတင်း ရရှိသည်။
7daydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...