Sunday, September 20, 2015

တောင်ကြီးမြို့တွင်နေထီးဆောင်းမှုတစ်နာရီခန့်ကြာဖြစ်ပေါ်

တောင်ကြီးမြို့တွင် စက်တင်ဘာ ၂၀ ရက်နံနက်က နေထီးဆောင်းမှုဖြစ်စဉ် တစ်နာရီ ခန့်ကြာဖြစ်ပေါ်ခဲ့ကြောင်း  သ တင်းရရှိသည်။

စက်တင်ဘာ ၂၀ ရက်နံနက် ၁၁ နာရီခန့်မှစတင်ကာ ကောင်းကင်ယံတွင် နေထီးဆောင်းမှုဖြစ်ပွားခဲ့ပြီးအချိန် ၄၅ မိနစ်ကျော်ဖြစ်ပေါ်ခဲ့သည်ဟု   တောင်ကြီးမြို့ဒေသခံအချို့ကပြောသည်။

အဆိုပါဖြစ်စဉ်ကို စတင် သတိထားမိသူများက စိတ်ဝင် တစားစောင့်ကြည့်ခဲ့ကြပြီး တောင်ကြီးမြို့တွင် နှစ်ပေါင်းသုံးဆယ်အတွင်း ဒုတိယအကြိမ်မြောက် နေထီးဆောင်းမှုဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု ချယ်ရီချစ်သူများအဖွဲ့မှ ဒေါက်တာနှင်းရီအေးက ပြောသည်။

‘‘တောင်ကြီးမှာ နေထီး ဆောင်းတာ နှစ်ပေါင်းသုံးဆယ် လောက်က တစ်ခါတွေ့ခဲ့ဖူး တယ်။ ဒါက ဒုတိယအကြိမ်ပေါ့။ အခုခေတ်ကလေးတွေ ဒါကို မမြင်ဖူးကြသေးဘူး။ နေထီးဆောင်းတယ်လို့လည်းခေါ်ကြတယ်’’ဟု ဒေါက်တာနှင်းရီအေးက ပြောသည်။

နေထီးဆောင်းမှုဖြစ်စဉ် (Halo) မှာ နေရောင်ခြည် အလင်းတန်းများက လေထဲတွင်ရှိနေ သည့် အနားခြောက်ဖက်ပါရေခဲပုံ ဆောင်ခဲကို ဖြတ်သန်းသည့်အခါ အလင်းယိုင်ခြင်းကြောင့် ဖြစ်ပေါ် လာသည့် ဖြစ်စဉ်ဖြစ်ကြောင်း မိုး လေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က နေထီးဆောင်းမှုနှင့် ပတ်သက်၍ 7Day Daily တွင် ၂၀၁၄ မေလ၌ ဆောင်းပါးရေး သားခဲ့သည်။

နေရောင်ခြည်အလင်းတန်း များက ကမ္ဘာ့လေထုထဲရှိ ဖုန်အ မှုန်၊ ရေအမှုန်၊ ရေပေါက်လေးများနှင် ရေခဲအမှုန်များကို ဖြတ်သန်းသည့်အခါ အလင်းယိုင်ခြင်း၊ အ လင်းပြန်ခြင်းစသည်တို့ဖြစ်ပေါ် ပြီး သက်တံ၊ ကောင်းကင်ပြာ၊ ကောင်းကင်နီ၊ တိမ်ပြာ၊ တိမ်နီ၊ တိမ်ဝါ၊ နေထီးဆောင်း၊ လထီး ဆောင်း၊ တံလျှပ်၊ ကော်ရိုနာ၊ နေ ပုံပျက်ခြင်း၊ လပုံပျက်ခြင်း၊ နေ အစင်းများစွာနဲ့ လအစင်းများစွာ ထွက်ခြင်းစသည့်ဖြစ်စဉ်များ ဖြစ် ပေါ်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်း ပြသည်။

အဆိုပါနေထီးဆောင်းသည့် အ၀န်းအ၀ိုင်းမှာ နေ၊ လတို့ကို ၀န်းရံရုံသာမက ၎င်းတို့နှင့် ဆန့်ကျင် ဘက်ကောင်းကင်နှင့် လူ၊ သစ်ပင်၊အဆောက်အအုံ၊ ဘုရားကျောင်း စသည်တို့ကို  ဗဟိုပြုပြီး ၀န်းရံနေ သည့်  စက်ဝိုင်းများအဖြစ်လည်း တွေ့ရတတ်ကြောင်း ၎င်းကပြောသည်။

အများအားဖြင့် နေထီး ဆောင်းခြင်းတွင်  အဖြူရောင်အ ဆင်းရှိသည့် အ၀န်းအ၀ိုင်းကို တွေ့ရသော်လည်း တစ်ခါတစ်ရံ အခြေခံအရောင်ခုနစ်မျိုးအဖြစ် လည်း ခွဲခြားမြင်ရတတ်ကြောင်း၊ နေထီးဆောင်းမှုမှာ လေထုထဲ တွင် ရေခဲအမှုန်လေးများ ဖြစ် ပေါ်ခြင်းအပေါ်မူတည်၍    ဖြစ် ကြောင်း၊ မိုးလေ၀သပညာအရ နေထီးဆောင်းလျှင် မိုးရွာမည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ရေး သားထားသည်။

ကောင်းကင်ယံတွင် မိုးတိမ် များရှိနေပြီး မိုးတိမ်များက တဖြည်းဖြည်းကြီးထွား၍ အရောင်များကျယ်ပြန့်လာကာ အလင်း ရောင်များလည်းစုပြီး နေကိုထီး ဆောင်းထားသကဲ့သို့ မြင်နေရ ကြောင်း ယင်းဖြစ်စဉ်ကို စိတ်ဝင် တစားစောင့်ကြည့်နေသူ ဒေသခံ အချို့ကပြောသည်။

အဆိုပါနေထီးဆောင်းမှု ဖြစ်စဉ်ကို တွေ့မြင်သူများက ဖုန်းဖြင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ခြင်း၊ နေထီးဆောင်းခြင်းကို လေ့လာကြည့်ရှုခြင်းနှင့် မှတ်ချက်မျိုးစုံပြောဆိုခြင်းများပြုလုပ်ခဲ့ကြ သည်
7daydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...