မလေးရှားနိုင်ငံ ဆီလန်ဂါပြည်နယ် ကမ်းလွန်၌ ကြာသပတေးနေ့ အရုဏ်တက်ချိန်တွင် အင်ဒိုနီးရှား နိုင်ငံသား ရွှေ့ပြောင်းများကို တင်ဆောင်လာသည့် စက်လှေ တစ်စင်း နစ်မြုပ်ခဲ့ရာ ယခုအချိန်အထိ ရုပ်အလောင်း (၅၀) ကိုဆယ်ယူ ရရှိခဲ့ပြီး ဖြစ်ကြောင်း မလေးရှား အာဏာပိုင်များက တနင်္ဂနွေနေ့တွင် ပြောဆိုခဲ့သည်။
““သောကြာနေ့အထိ ရုပ်အလောင်း (၃၅) လောင်းကို ဆယ်ယူရရှိခဲ့ပြီး ဖြစ်ပါတယ်””ဟု မလေးရှား ရေကြောင်း အာဏာပိုင် အဖွဲ့မှ အရာရှိ မိုဟမ္မဒ် အလီယာစ်ဟမ်ဒန် ကပြောဆိုခဲ့သည်။ ရှာဖွေကယ်ဆယ်မှုများကို နောက်သုံးရက် အထိပြုလုပ်ဦး မည်ဖြစ်ပြီး ကယ်ဆယ် ခံထားရသူ (၂၀) ဦးထံမှရရှိသော သတင်းအချက်များအရ စက်လှေတွင် လူ (၈၀) အထိ လိုက်ပါလာကြောင်း သိရှိခဲ့ရသည်ဟု အလီယာစ်က ပြောဆိုခဲ့သည်။
စက်လှေသည် မာလက္ကာ ရေလက်ကြားကိုဖြတ်သန်းပြီး မလေးရှားမှ အင်ဒိုနီးရှားသို့ သွားရောက်နေခြင်း ဖြစ်သည်။ မလေးရှားသည် အရှေ့တောင်အာရှတွင် တတိယအကြီးဆုံး စီးပွားရေးကို ပိုင်ဆိုင်သည့် နိုင်ငံဖြစ်ပြီး ဆင်းရဲသော အိမ်နီးချင်း နိုင်ငံများမှ ရွှေ့ပြောင်း လုပ်သားများစွာကို လက်ခံထားသည်။ မလေးရှားတွင် အင်ဒိုနီးရှား နိုင်ငံသား နှစ်သန်းခန့် လစာနည်း အလုပ်များကို လုပ်ကိုင်နေသည်။
Credit : messenger
No comments:
Post a Comment