စက်တင်ဘာ ၁၂ ရက် က မန္တလေးခရိုင်ရှိ ဧရာဝတီမြစ်အတွင်းရေဆင်းချိုးရာမှ တစ်ရက်တည်း အမျိုးသားသုံးဦး ရေနစ်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အမရပူရမြို့နယ် ဧရာဝတီ မြစ်အတွင်းရှိ ရှမ်းကလေးကျွန်း ကျေးရွာသို့ ၀င်ရောက်သည့် တံ တားအနီးရှိ မြစ်ထဲသို့ ညနေ ၅ နာရီက အမျိုးသားတစ်ဦး ရေဆင်းချိုးရာမှ ရေနစ်နေသဖြင့် အနီးရှိ အမျိုးသားတစ်ဦးက ဆင်းကယ်ရာ ယင်းအမျိုးသားပါ ရေနစ်သေဆုံးသွားခဲ့ကြောင်း အမရပူရမြို့မရဲတပ်ဖွဲ့စခန်းမှ စုံစမ်းသိရသည်။
‘‘ရှမ်းကလေးကျွန်းမှာ မိုးရာ သီဆိုရင် ရေတက်တယ်။ နောက် ပြီး လေးယောက်နစ်တယ်လို့ ပြောနေကြတယ်။ နှစ်ယောက်ပဲ ရေ နစ်သေဆုံးသွားတာဖြစ်တယ်’’ဟု စခန်းမှူး ဦးမြင့်လွင်က ပြောသည်။အလားတူ ယင်းနေ့တွင်ပင် မဟာအောင်မြေမြို့နယ် သန်လျက်မှော် အနောက်ရပ်ကွက်ရှိ ဧရာဝတီမြစ်ဆိပ်ကမ်း ပေပင် သဲဆိပ် ၌လည်း အမျိုးသားတစ်ဦး သည် ညအချိန်အရက်မူးပြီး ရေ ဆင်းချိုးရာမှ ရေနစ်သေဆုံးမှု ထပ်မံဖြစ်ပွားခဲ့သည်။
အဆိုပါအမျိုးသားရေနစ် သေဆုံးမှုနှင့် ပတ်သက်၍ အမရပူရနှင့် မဟာအောင်မြေမြို့နယ်ရှိ ရဲတပ်ဖွဲ့စခန်းများတွင် သေမှုသေ ခင်းဖြင့် အမှုဖွင့်ခဲ့သည်
7daydaily
No comments:
Post a Comment