Saturday, September 12, 2015

ဖားကန့်တွင်ရေမဆဆးကျောက်ရှာသူနှစ်ဦးမိုးကြိုးပစ်

ဖားကန့်မြို့နယ် လေးအိမ်စုတွင် ရေမဆေး ကျောက်ရှာဖွေပြီး ပြန်လာသည့် လူငယ်နှစ်ဦး စက်တင်ဘာ ၁၀ ရက်ညနေက မိုးကြိုးစက်ကွင်း မိကာ သေဆုံးသွားကြောင်း ဖား ကန့်မြို့မရဲစခန်းမှ သတင်းရရှိ သည်။

သေဆုံးသွားသူများသည် ကချင်ပြည်နယ် မိုးကောင်းမြို့ မှ ကိုဗိုလ်ဗိုလ်ဝင်းဆိုသူနှင့် မွန် ပြည်နယ် ကျိုက်ထိုမြို့မှ ဇော်လင်းဆိုသူဖြစ်ကြောင်း ဒေသခံများထံ မှ သိရသည်။

‘‘ရေမဆေးကျောက်ကောက် ပြီး ဆိုင်ကယ်နဲ့အပြန် လမ်းမှာ မိုးကြိုးစက်ကွင်း မိသွားတယ်လို့ ကြားတယ်’’ ဟု ဖားကန့်မြို့ဒေသခံ ကိုအောင်နန်က ပြောကြားသည်။

အဆိုပါ သေဆုံးသွားသူနှစ် ဦးသည် ဖားကန့်မြို့နယ် ဖားပြင် တွင် နေထိုင်သူဖြစ်ကြောင်း သိရ သည်။

ယင်းအမှုကို သေမှုသေခင်း ပုဒ်မဖြင့် ဖားကန့်မြို့မရဲစခန်းက အမှုဖွင့်ထားသည်
7daydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...