ဆားလင်းကြီးမြို့နယ် ကြေးစင်တောင်ကြေးနီစီမံကိန်း နယ်မြေရှိ မြန်မာယမ်စီကုမ္ပဏီ အတွင်း ကျူးကျော်ဝင်ရောက်မှု ဖြင့် ဒေသခံအမျိုးသားသုံးဦးကို ဆားလင်းကြီးမြို့နယ်တရားရုံး တွင် စက်တင်ဘာ ၁၁ ရက်၌် တ ရားစွဲဆိုလိုက်ကြောင်း သတင်းရရှိသည်။
ဆားလင်းကြီးမြို့နယ် ကံ ကုန်းကျေးရွာနေ ကိုတင့်အောင် စိုး၊ ကိုမိုးခိုင်ဦးနှင့် ဖောင်းကား ကျေးရွာနေ ကိုသော်တာအောင် တို့ကို မြန်မာ့စီးပွားရေးဦးပိုင်လီမိ တက်မှ ဦးအောင်မြင့်က တရား လိုပြုလုပ်၍ ဆားလင်းကြီးမြို့မ ရဲစခန်းတွင် မေလ ၂၅ ရက်က အမှုဖွင့်တိုင်ကြားခဲ့ရာ ယခုအခါ တရားရုံးက အမှုလက်ခံလိုက်ခြင်း ဖြစ်သည်။
‘‘ကုမ္ပဏီကို ဆန္ဒပြတာ လည်း မဟုတ်ဘူး။ ကြွေးကြော် တာလည်း မရှိဘူး။ ကုမ္ပဏီကို စာ နဲ့ကြိုပြီး တွေ့ဆုံဆွေးနွေးရေးအ တွက် တောင်းဆိုပြီးမှ သွား ရောက်ခဲ့တာပါ။ တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် နေ့ရောညပါ ထိုင်စောင့်တာကို တစ်ဖက်သတ် တရားစွဲဆိုခံခဲ့ရ တယ်’’ဟု တရားစွဲဆိုခံထားရ သော ကိုတင့်အောင်စိုးက ပြော ကြားသည်။
ပုဒ်မ ၁၄၄ ထုတ်ပြန်ထား သော သတ္တုတွင်းစီမံကိန်းနယ်မြေ ဖြစ်သည့် ကြေးစင်တောင်ကြေးနီ စီမံကိန်းအတွင်း မြန်မာယမ်စီ ကုမ္ပဏီရုံးဂိတ်ဝသို့ မေလ ၂၅ ရက်က ကျူးကျော်ဝင်ရောက်မှု များပြုလုပ်ခြင်း၊ လုပ်ငန်းခွင်မှ ပြန်လာသော ဝန်ထမ်းများအား ပိတ်ဆို့တားဆီးသဖြင့် အထိတ် တလန့်များဖြစ်ပေါ်ခြင်း၊ ဝန်ထမ်း များအား ခြိမ်းခြောက်ဟန့်တား ပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုကာ မြန်မာ့စီးပွားရေးဦးပိုင်လီ မိတက်က တိုင်ကြားခြင်း ဖြစ် သည်။
ကြေးစင်တောင်ကြေးနီစီမံ ကိန်းများကြောင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေး၊ မြေယာ နစ်နာကြေးပေးလျော်ရေး၊ အ လုပ်အကိုင်အခွင့်အလမ်းရရှိရေး နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရေးတို့အတွက် မေလ ၁၈ ရက်တွင် ကြေးနီစီမံကိန်း တာဝန်ရှိသူများထံ စာဖြင့်တောင်း ဆိုခဲ့ပြီး မေလ ၂၅ ရက်က မြန်မာယမ်စီကုမ္ပဏီရုံးရှေ့သို့ သွား ရောက်ကာသက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခွင့်ရရှိရန် ရုံးရှေ့၌ နေ့ရောညပါ ထိုင်စောင့်ခဲ့ခြင်း ဖြစ်သည်။
‘‘အမှုဖွင့်တုန်းက ပြစ်မှု ၅၀၆ က ပြစ်မှုမမြောက်တဲ့အ တွက် ပယ်ချခဲ့ပါတယ်။ လက်ရှိ တရားရုံးမှာ ၄၄၇၊ ၁၄၃၊ ၃၄၁ နဲ့ စစ်ဆေးသွားမှာဖြစ်ပါတယ်’’ဟု အမှုစစ်ရဲအရာရှိက ပြောသည်။
ဆားလင်းကြီးမြို့နယ်တရား ရုံးတွင် အမှုလက်ခံခဲ့ပြီး စက်တင် ဘာ ၂၂ ရက်၌ အမှုစတင်စစ်ဆေးရန် ချိန်းဆိုခဲ့ကြောင်း သတင်း ရရှိသည်
7daydaily
No comments:
Post a Comment