ကောလင်းမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မဲဆွယ်စည်းရုံးရေးကြော်ငြာဆိုင်းဘုတ်များ ဖျက်ဆီး ခံရမှုနှင့် ပတ်သက်၍ စက်တင်ဘာ ၂၂ ရက်က ကောလင်းမြို့နယ်တရားရုံးသို့ တိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။
ကောလင်းမြို့ မြို့မ/မြို့ ကုန်းရပ်ကွက် ကားလမ်းမကြီး ဘေးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ် စားလှယ်လောင်းများ မဲဆွယ် စည်းရုံးရေးကြော်ငြာဗီနိုင်းဆိုင်း ဘုတ်ကို စက်တင်ဘာ ၂၀ ရက် ညပိုင်း၌လည်းကောင်း၊ မြို့မ/မြို့ကုန်းရပ်ကွက်၊ ရွှေမင်းဝံလမ်းနှင့် မြို့ပတ်လမ်းထောင့်၊ အ.ထ.က ကျောင်းအနီး ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏ မဲဆွယ်စည်းရုံးရေး ကြော်ငြာဆိုင်းဘုတ်ကို စက် တင်ဘာ ၂၁ ရက် ညပိုင်း၌လည်း ကောင်း ဖျက်ဆီးခံရခြင်းဖြစ် ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိသည်။
‘‘ပထမညတုန်းက ဒီချုပ်က မဲဆွယ်ကြော်ငြာဆိုင်းဘုတ်ကို ဆုတ်ဖြဲဖျက်ဆီးခံရတယ်။ နောက်တစ်နေ့ညမှာ ပြည်ခိုင်ဖြိုးပါတီ မဲ ဆွယ်ကြော်ငြာဆိုင်းဘုတ်ကို ဆွဲနုတ်ပြီး လမ်းဘေးရေမြောင်းထဲ ထပ်ပြီး ဖျက်ဆီးခံရတယ်။ ပါတီ နှစ်ခုစလုံးက မနေ့က တရားရုံးမှာ ဦးတိုက်လျှောက်ထားပြီး တိုင် ကြားခဲ့တယ်လို့ ကြားတယ်။ ဘယ်သူက ဖျက်ဆီးသွားတယ်ဆိုတာ တော့ မသိရသေးဘူး’’ဟု ကော လင်းမြို့ ဒေသခံစီးပွားရေးလုပ် ငန်းရှင်တစ်ဦးက စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားသည်။
ဖျက်ဆီးခံရမှုအပေါ် ဥပဒေ အရ အရေးယူဆောင်ရွက်ပေးရန် ကောလင်းမြို့နယ် ဒီချုပ် တွဲဖက် အတွင်းရေးမှူးက တရားလိုပြု လုပ်၍ ကောလင်းမြို့နယ် တရား ရုံးသို့ ဦးတိုက်လျှောက်ထားပြီး တရားသူကြီးက လက်ခံစစ်ဆေး လျက်ရှိသည်။
ထို့အတူ ကောလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးကလည်း ကောလင်းမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားပြီး တရားရုံးက လက်ခံဆောင်ရွက် လျက်ရှိသည်
No comments:
Post a Comment