Sunday, September 13, 2015

ရွေးကောက်ပွတွင်မီဒီယာများသီတင်းရယူရန်မရှင်းလင်းသဖြင့်ကော်မရှင်ထံစာပို့

ရွေးကောက်ပွဲတွင် မီဒီ ယာများသတင်းရယူခွင့်နှင့်ပတ် သက်၍ နှစ်ကြိမ်တိုင်ထုတ်ပြန်ခဲ့ သော်လည်း သတင်းယူခွင့်ပြု သည့် နယ်မြေသတ်မှတ်ချက် မရှင်းလင်း၍ စက်တင်ဘာ ၁၁ ရက်၌ စာနယ်ဇင်းကောင်စီက ရွေးကောက်ပွဲကော်မရှင်သို့ ဒုတိ ယအကြိမ်စာပေးပို့ခဲ့ရကြောင်း သတင်းရရှိသည်။

ရွေးကောက်ပွဲနေ့ သတင်း ယူခွင့်အတွက် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က သြဂုတ် ၃ ရက်တွင် ပထမအကြိမ်ထုတ် ပြန်ခဲ့သော်လည်း ကန့်သတ်ချက် များရှိသည်ဟုဆိုကာ စာနယ်ဇင်း ကောင်စီက ညှိနှိုင်းခဲ့ခြင်းကြောင့် စက်တင်ဘာ ၄ ရက်၌ ထပ်မံ ပြင်ဆင်သည့် ထုတ်ပြန်ချက်ကို ရွေးကောက်ပွဲ ကော်မရှင်ကထုတ် ပြန်ခဲ့သည်။ သို့သော် သတင်းယူခွင့်ပြုသည့် နယ်မြေသတ်မှတ်ချက် ရှင်းလင်းခြင်း မရှိသေး၍ စာပေးပို့ရခြင်းဖြစ်ကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူးဦးကျော်မင်းဆွေက ပြောသည်။

‘‘ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့တုန်းကတော့ သတင်းဌာန တစ်ခုက ရွေးကောက်ပွဲကော်မ ရှင်မှာ လျှောက်ထားတဲ့ သတင်း သမားတွေက ခရိုင်တစ်ခုအတွင်း မှာ ကြိုက်တဲ့ မြို့နယ်မှာ သတင်း ယူခွင့်ရမယ်လို့ ဦးတင်အေးက ပြောတယ်။ စာထွက်လာတော့ အဲဒီလို ရှင်းရှင်းလင်းလင်း မဟုတ်တဲ့အတွက် စာပြန်တင်တာပါ’’ဟု ဦးကျော်မင်းဆွေက ပြောသည်။

ရွေးကောက်ပွဲကော်မရှင်၏ ပထမအကြိမ်ထုတ်ပြန်ချက်တွင် မြို့နယ်အလိုက် သတင်းမီဒီယာ တစ်ခုလျှင် သုံးဦးထက် မပိုသော အရေအတွက်ဖြင့် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်ခွဲအသီးသီးသို့ လျှောက်ထားနိုင်ကြောင်း ဖော်ပြ ခဲ့ပြီး ဒုတိယအကြိမ်ပြင်ဆင်ချက် တွင် သတင်းမီဒီယာတစ်ခုလျှင် တစ်မြို့နယ် သုံးဦးထက်မပိုသော အရေအတွက်ဖြင့် သက်သေခံ ကတ်များ ရယူနိုင်ရန် သက်ဆိုင် ရာ ပြည်ထောင်စုနယ်မြေ၊ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ/တိုင်း၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အ ဖွဲ့ခွဲထံ လျှောက်ထားနိုင်ကြောင်း ပြန်လည်ဖော်ပြခဲ့သည်။ ယင်းကဲ့ သို့ ပြင်ဆင်ခဲ့သော်လည်း မြို့နယ် မခြားဘဲ သတင်းရယူခွင့်နှင့်ပတ် သက်၍ ဖော်ပြခဲ့ခြင်းမရှိ၍ စာပေးပို့ခြင်းဖြစ်ကြောင်း ဦးကျော်မင်းဆွေက ပြောသည်။

ရွေးကောက်ပွဲကော်မရှင်က မူ သတင်းဌာနတစ်ခုမှ တစ်မြို့ နယ်လျှင် သတင်းသမားသုံးဦးနှုန်း ဖြင့် ခရိုင်အတွင်းရှိ မြို့နယ်အရေ အတွက်အလိုက် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံသို့ လျှောက်ထားနိုင်ကြောင်း၊ ခရိုင် တစ်ခုအတွင်း လျှောက်ထားသည့် သတင်းသမားများမှာ မြို့နယ်အ ကန့်အသတ်မရှိဘဲ သတင်းရယူ ခွင့်ရှိကြောင်း၊ ကော်မရှင်သို့ လျှောက်ထားသည့် သတင်းသမားများမှာ မဲရုံပရိဝုဏ်အတွင်း သ တင်းယူခွင့်ရှိပြီး လျှောက်ထားမှု မရှိသည့် အခြားသတင်းသမား များမှာ ပရိဝုဏ်အပြင်တွင် အကန့်အသတ်မရှိ သတင်းယူခွင့်ရ မည်ဖြစ်သည်
7daydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...