Saturday, September 12, 2015

မြန်မာအလုပ်သမားများပါဝင်သောမလေးရှားသဘောင်္အဆက်အသွယ်ပြန်ရ

တာင်တရုတ်ပင်လယ်တွင် ပျောက်ဆုံးနေပြီး မြန်မာသင်္ဘောသားများပါဝင်သော မလေးရှား သင်္ဘောသည် အင်ဂျင်ချို့ယွင်း၍ ပင်လယ်ပြင်တွင်မျောပါခဲ့ပြီး မလေးရှားနိုင်ငံ ရေကြောင်းဌာနနှင့် အဆက်အသွယ်ပြန်လည်ရရှိ ပြီဟု သတင်းရရှိသည်။

 သီတင်းတစ်ပတ်ကြာ အ ဆက်အသွယ် ပြတ်တောက်နေ သော MV.Sah Lian သင်္ဘော သည် တောင်တရုတ်ပင်လယ်ရှိ မလေးရှားပိုင်နက်တွင် မိန်းအင် ဂျင်နှင့် ဂီယာချို့ယွင်းကာ ပင် လယ်ပြင်ပေါ်တွင် မျောပါခဲ့ရာမှ စက်တင်ဘာ ၁၁ ရက်နံနက်၌ မ လေးရှားရေကြောင်းဌာနနှင့် ပြန် လည်အဆက်အသွယ်ရရှိခဲ့သည် ဟု ယင်းနိုင်ငံမီဒီယာတွင် ဖော်ပြ ထားသည်။

ယင်းသင်္ဘောတွင် မလေး ရှား၊ အင်ဒိုနီးရှား၊ မြန်မာနှင့် အိန္ဒိယသင်္ဘောသားစုစုပေါင်း ၁၄ ဦးပါဝင်ပြီး လတ်တလော စုံ စမ်းချက်များအရ မြန်မာသင်္ဘော  သားခြောက်ဦးပါဝင်ကြောင်း မြန် မာ့ပင်လယ်ရေကြောင်း အလုပ် သမားများအဖွဲ့ချုပ်မှ ဦးတင်ကို ကိုသက်က ပြောသည်။


မလေးရှားသင်္ဘောသည် စက်တင်ဘာ ၂ ရက်ကတည်းက ထွက်ခွာခဲ့ပြီး စက်တင်ဘာ ၅ ရက်တွင် ဆိပ်ကမ်းသို့ ရောက်ရှိ မည်ဖြစ်သော်လည်း ၇ ရက်အထိ အဆက်အသွယ်မရရှိခဲ့၍ ပင် လယ်ဓားပြများ၏ အပိုင်စီး သိမ်း ယူမှုခံခဲ့ရသည်ဟု ယူဆပြီး အာဏာပိုင်များက လိုက်လံရှာဖွေခဲ့ကြောင်း သတင်းရရှိသည်။

မလေးရှားတွင် မှတ်ပုံတင် ထားသည့်MV.Sah Lian သင်္ဘော သည် သံထည်ပစ္စည်းများ၊ ပိုက် ဆက်ပစ္စည်းများ၊ စားသောက် ကုန်ပစ္စည်းများတင်ဆောင်ကာ မလေးရှားကမ်းရိုးတန်းအတိုင်း ကူချင်းမှ လင်ဘမ်းမြို့သို့ ခုတ် မောင်းရင်း မလေးရှားရေပိုင်နက် တွင် ပျောက်ဆုံးခြင်းဖြစ်ကြောင်း သိရသည်
7daydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...