Friday, September 11, 2015



တရားစီရင်ရေးကဏ္ဍ တွင် တပ်မတော်အရာရှိကြီးများ  ခန့်အပ်မှုကို ကန့်ကွက်သည့်အနေ ဖြင့် အ၀ါရောင်ဖဲကြိုးတပ်ဆင် သည့် လှုပ်ရှားမှုကို ရန်ကုန်မြို့ရှိ ရှေ့နေများက စက်တင်ဘာ ၁၁ ရက်၌  စတင်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

  ‘‘တရားစီရင်ရေး တင် မဟုတ်ဘူး။  နိုင်ငံတစ်ခုတည် ဆောက်တဲ့အခါ ၀န်ထမ်းတွေက သူ့နေရာနဲ့သူ ရှိပါတယ်။ ဥပမာ ကျောင်းတွေမှာဆို ကျောင်းဆရာ တွေပေါ့။ တပ်မတော်မှာ စစ် သားတွေပေါ့။ တရားစီရင်ရေးမှာ ဆို တရားသူကြီးတွေ၊ ရှေ့နေရှေ့ ရပ်တွေပေါ့။ ကိုယ့်ရဲ့ အခန်း ကဏ္ဍမှာ ကိုယ်ရှိနေရပါမယ်။ တခြားလူရှိမနေရပါဘူး။ တစ်ခု နဲ့ တစ်ခု မရောထွေးရပါဘူး။ ရောထွေးလိုက်ရင် ပျက်စီးတာ ပဲ။ ဌာနတစ်ခုနဲ့တစ်ခု ၀င်ရောက် စွက်ဖက်နေတာဟာ ပျက်စီးတဲ့ အခြေခံအချက်ပဲ။ ကျောင်းဆရာ ကလည်း ဆရာတို့ရှေ့နေကို ဆရာလုပ်လို့မရဘူး။ ဆရာတို့ ကလည်း စစ်ဗိုလ်တွေကို မင်းတို့ သေနတ်ပေးဆိုပြီး ဗိုလ်သွားလုပ် လို့မရဘူး။ တပ်မတော်ကလည်း သူ့နေရာသူနေရပါမယ်’’ ဟု အ၀ါရောင်ဖဲကြိုးတပ်ဆင် လှုပ်ရှားမှုတွင် ပါဝင်သော တရားလွှတ် တော်ရှေ့နေဦးအောင်စိုးဦးက ပြောသည်။

အ၀ါရောင်ဖဲကြိုးလှုပ်ရှား မှုကို တစ်နိုင်ငံလုံးရှိ ရှေ့နေများ နှင့် တရားသူကြီးများ ပူးပေါင်း ပါဝင်လာရန် လှုံ့ဆော်မည်ဟု တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်နိုင်က ပြောသည်။


‘‘ပြည်ထောင်စု တရားလွှတ် တော်ချုပ်မှာ ရာထူးကြီးကြီးယူ ထားကြတာ ဗိုလ်ချုပ်တွေပဲ များ တယ်။ တကယ့်တရားသူကြီးတွေ ဆိုလို့ သုံးယောက်လောက်ပဲ ရှိ တယ်’’ဟု ၎င်းက ပြောသည်။

အ၀ါရောင်ဖဲကြိုး တပ်ဆင် လှုပ်ရှားမှုကို စက်တင်ဘာ ၉ ရက် တွင် နေပြည်တော်မှ စတင်ခြင်း ဖြစ်ပြီး လူမှုကွန်ရက်များ၌လည်း ယင်းကဲ့သို့ လှုပ်ရှားမှုများ စတင်ပျံ့နှံ့လာခဲ့သည်။

ယခုကဲ့သို့ ဌာနများသို့ တပ် မတော်အရာရှိများ ရောက်ရှိလာ ခြင်းကို ကန့်ကွက်ခြင်းသည် ဒုတိယအကြိမ်မြောက် လုပ်ဆောင်မှုဖြစ်ပြီး သြဂုတ်လက ကျန်းမာရေးဝန်ကြီးဌာနမှ ၀န်ထမ်းများက ပထမဆုံးအနက်ရောင်ဖဲကြိုးတပ်ဆင်မှုဖြင့် ကန့်ကွက်ခဲ့ကြသည်။

အဆိုပါ လှုပ်ရှားမှုသည် ကျန်းမာရေးဝန်ကြီးဌာနနှင့် တရားစီရင်ရေးကဏ္ဍတို့မှ ဆောင်ရွက်သကဲ့သို့ တပ်မတော်အရာရှိများ ခန့်အပ်ခြင်းကို ကန့်ကွက်သည့် အခြားဝန်ကြီးဌာနများပါ ဆောင်ရွက်စေလိုသည်အထိ ရည်ရွယ်ကြောင်း နေပြည်တော်မှရှေ့နေဦးခင်မောင်ဇော်က ပြောသည်
7daydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...