Wednesday, September 16, 2015

ဆီးရီးယားတွင်ISတို့ကိုသြစတြေးလျလေတပ်မှစတင်တိုက်ခိုက်

ကာကွယ်ရေးဝန်ကြီး ကီဗင်အင်ဒရူးစ်က ဩစတြေးလျ၏ F-18 Hornet တိုက်လေယာဉ် တစ်စီးသည် အိုင်အက်စ် တပ်ဖွဲ့ဝင်များ တင်ဆောင်လာသည့် ယာဉ်တစ်စီးကို ချေမှုန်း ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း စက်တင်ဘာ ၁၆ ရက်တွင် သတင်းထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကို လွန်ခဲ့သည့် နှစ်ရက်က အကောင်အထည် ဖော်ခဲ့ပြီး ပဲ့ထိန်းဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ခြင်းဟုလည်း ဆိုသည်။

အမေရိကန် ဦးဆောင်သည့် မဟာမိတ် လေတပ်များနှင့် ပါဝင် ပူးပေါင်းလာသည့် ဩစတြေးလျ F-18 နှစ်စီးသည် အိုင်အက်စ် အကြမ်းဖက်သမားများ စီးနင်းလာသည့် မော်တော်ကားကို ရှာဖွေ တွေ့ရှိပြီးနောက် ပစ်မှတ်ကို အတည်ပြုကာ ချေမှုန်းခွင့် တောင်းခံခဲ့ကြောင်း၊ အတည်ပြုချက် ရသည်နှင့် ဒုံးကျည်ဖြင့် ပစ်ခတ်ကာ အောင်မြင်စွာ တိုက်ခိုက် ဖျက်ဆီးလိုက်နိုင်ကြောင်း အင်ဒရူးစ်က ပြောကြားသွားသည်။

“ဒေ့ရှ် (အိုင်အက်စ်)တွေကို အီရတ်မြောက်ပိုင်းမှာတင် မကဘဲ ဆီးရီးယား အရှေ့ပိုင်းမှာပါ ချေမှုန်းသွားဖို့ ကျွန်တော်တို့ရဲ့ စစ်ဆင်ရေး ဖြန့်ကျက်မှုတွေမှာ ဒီတိုက်ခိုက်မှုက ပထမဆုံး ခြေလှမ်း ဖြစ်ပါတယ်။ ဒေ့ရှ်တပ်ဖွဲ့တွေရဲ့ အင်အားကို တဖြည်းဖြည်း လျော့ပါးသွားစေပြီး အပြီးတိုင် ချေမှုန်း ဖျက်ဆီးသွားဖို့ ရည်ရွယ်ပါတယ်”ဟု အင်ဒရူးစ်က ကြေညာခဲ့သည်။

အမေရိကန် ဦးဆောင်သည့် မဟာမိတ် လေတပ်များသည် ယခုသီတင်းပတ် အတွင်းတွင် အယ်လ်ဟာဆာခါး အနီးရှိ အိုင်အက်စ်တို့၏ စစ်ရေးပစ်မှတ်များနှင့် ဒေအက်ဇ်ဇောရှိ လောင်စာဆီ စုဆောင်းရာ နေရာတို့ကိုလည်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

_Ref: 9News
ယခုရက်ပိုင်းအင်တာနက်ကော်နရှင်မကောင်းပါ၍သတင်uးpdateတင်ရာတွင်အခက်အခဲရှိနေပါသဖြင့်ပို့စ်ပုံမှန်မတင်ဖြစ်သည်ကိုနားလည်ခွင့်လွှတ်ပေးကြပါခင်ဗျာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...