Wednesday, September 16, 2015

မုံရွာမြို့လည်နေအိမ်မှစိန်ထည်နှင့်ရွှေထည်ကျပ်သိန်း၁၀၀ကျော်ဖိုးဖောက်ထွင်းမှုဖြစ်ပွား

မုံရွာမြို့ အလယ်ရပ်ကွက် ဓမ္မာရုံလမ်း အိမ်အမှတ်(၁၀/၃၅) နေအိမ်မှ ရွှေထည်၊ စိန်ထည်ပစ္စည်းတန်ဖိုးကျပ်သိန်းတစ်ရာ ကျော်ဖိုး ဖောက်ထွင်းခိုးယူခံရမှု စက်တင်ဘာ ၁၆ရက် နံနက်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


‘‘သူခိုးကတစ်ပေလောက်ရှိ တဲ့ အလင်းဝင်မှန်ပေါက်ကို ဓားနဲ့ ကလန့်ပြီးဖွင့်ဝင်တယ်။ လူအိပ် တဲ့အခန်းရဲ့အပြင်ဘက်မှာ သံ သေတ္တာထားတာဆိုတော့ သူခိုး က လွယ်လွယ်ကူကူနဲ့ ခိုးယူသွား တာဖြစ်ပါတယ်’’ မုံရွာမြို့နယ် ရဲ တပ်ဖွဲ့မှူးရဲမှူးစိန်မင်းကပြော သည်။

နေအိမ်ပိုင်ရှင်များသည် စက်တင်ဘာ ၁၅ရက် ည ၁၂နာရီ တွင် အိပ်ရာဝင်ခဲ့သည်။  စက်တင်ဘာ ၁၆ရက် နံနက် ၄နာရီ၌ ဆွမ်းချက်ရန် အိပ်ရာမှထစဉ် အိမ် တတိယထပ်ရှိ သမီးဖြစ်သူအိပ် ခန်းအပြင်ဘက် အခန်းလွတ်အ တွင်း သော့ခတ်ထားခြင်းမရှိသော သံသေတ္တာအတွင်းမှ ရွှေထည်ပစ္စည်းခြောက်မျိုး၊ စိန်ထည်ပစ္စည်းတစ်မျိုး၊ စုစုပေါင်းတန်ဖိုး ကျပ် သိန်း တစ်ရာ့သုံးဆယ်ကျော် ပျောက်ဆုံးနေသဖြင့် ရွှေထည်ပစ္စည်းများ ခိုးယူသွားသူကို ဥပဒေနှင့်အညီ အရေးယူပေးရန် မုံရွာမြို့ မြို့မရဲ တပ်ဖွဲ့စခန်းသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မုံရွာမြို့ မြို့မရဲတပ်ဖွဲ့စခန်းကပြစ်မှုပုဒ်မ ၃၈၀အရ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

စစ်ကိုင်းတိုင်း ဒေသကြီးကျွန်းလှမြို့ ရွှေဆိုင်မှ လူသတ်ပြီး ရွှေခိုးယူမှု၊ တန့်ဆည်မြို့မှ ရွှေ ထည်ပစ္စည်း ၁၁ပိဿာခန့်ဖောက် ထွင်းခိုးယူမှုတို့ဖြစ်ပွားပြီးနောက် ယခုမုံရွာမြို့အလယ်ရပ် ဓမ္မာရုံ လမ်းနေအိမ်ဖောက်ထွင်းခိုးယူခံရ ခြင်းဖြစ်သည်။

ဖောက်ထွင်းခိုးယူမှုများဖြစ် ပေါ်ခဲ့ပြီးနောက် မုံရွာမြို့ ချင်းတွင်း ရတနာဈေး၊ မြသလ္လာဈေး၊ သီရိ ရတနာဈေးနှင့် မြို့ပေါ်ရွှေဆိုင်ပိုင် ရှင်များအနေဖြင့် လုံခြုံရေးလုပ်  ငန်းများတိုးမြှင့်ဆောင်ရွက်ရန် မှု ခင်းကျဆင်းရေးအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း ရဲမှူးစိန်မင်းကပြော သည်
7daydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...