ရန်ကုန်-နေပြည်တော်ရထားခရီးစဉ်တွင် RBE အဲကွန်း ရထားတစ်စီးကို ယခုနှစ်ကုန်၌ ပြေးဆွဲပေးမည်ဖြစ်ပြီး အဆိုပါရထားပြေးဆွဲပါက ခရီးသည်များအတွက် ရထားစီးသည့်ကြာချိန် နှစ်နာရီခွဲခန့် သက်သာမည်ဖြစ်ကြောင်း မြန်မာ့မီးရထားဌာနမှ သတင်းရရှိသည်။
‘‘အခုပြေးဆွဲဖို့စီစဉ်နေတဲ့ RBE အဲကွန်းရထားကို နေ့စဉ်ပြေး ဆွဲမလား၊ ရက်ခြားပြေးမလား၊ လက်ရှိပြေးဆွဲနေတဲ့ ရိုးရိုးရထား နေရာမှာ အစားထိုးပြေးမလားဆို တာကို ဆုံးဖြတ်ဖို့အတွက် ပြီးခဲ့တဲ့ သြဂုတ်လကုန်က နေပြည်တော် ရုံးချုပ်ကို စာတင်ထားပြီးပါပြီ’’ဟု မြန်မာ့မီးရထားဌာန တိုင်း (၇) ပို့ ဆောင်ရေးမန်နေဂျာ ဦးကျော်စိုး လင်းက ပြောသည်။
ရန်ကုန်-နေပြည်တော်ခရီး စဉ်တွင် RBE အဲကွန်းရထား ပြေးဆွဲခွင့်ရရှိပါက ရထားလက် မှတ်ခနှုန်းထားနှင့် ရထားအချိန် များ သတ်မှတ်မည် ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ရန်ကုန်-နေပြည်တော်ရထားခရီးစဉ်တွင် RBE အဲကွန်းရထားတစ် စီးပြေးဆွဲရန် စီစဉ်ရခြင်းမှာ ခရီးသည်များအချိန်ကုန်သက်သာစေရန် ထပ်မံဝန်ဆောင်မှုပေးခြင်း ဖြစ်ကြောင်း သိရသည်။
‘‘ရန်ကုန်-နေပြည်တော်ရ ထားခရီးစဉ်မှာ RBE အဲကွန်းရ ထားပြေးဆွဲပေးလိုက်ရင် ကြာချိန်၆ နာရီခွဲလောက်ပဲကြာတော့မှာ ဖြစ်တယ်။ ခရီးသည်တွေ နှစ်နာရီ ခွဲလောက်အချိန်ပိုထွက်သွားမယ်’’ဟု ဦးကျော်စိုးလင်းက ပြောသည်။လက်ရှိ ရန်ကုန်-နေပြည် တော်ရထားခရီးစဉ်တွင် နေ့စဉ် ရိုး ရိုး၊အမြန်ရထားနှစ်စီးနှင့် ပုံမှန်နှစ် ကြိမ်ပြေးဆွဲပေးနေပြီး ရထားခရီး စဉ်တစ်ကြိမ်လျှင် ကြာချိန် ၈ နာရီ ခွဲခန့်ကြာမြင့်ကာ နေ့စဉ်ခရီးသည် ပျမ်းမျှ ၃၀၀ ခန့်စီးနင်းကြောင်း သိရသည်။
ရန်ကုန်-နေပြည်တော်ရ ထားခရီးစဉ်တွင် ပြေးဆွဲရန် စီစဉ် နေသော RBE အဲကွန်းရထားတွဲ များမှာ ပြီးခဲ့သည့် မေလ ၁၂ ရက်က ဂျပန်နိုင်ငံမှ ရောက်ရှိလာခဲ့ သည့် ရထားတွဲ ၃၂ တွဲမှ တွဲများ ဖြစ်သည်။ အဆိုပါတွဲများကို အခြားလိုအပ်သည့် အဝေးပြေး ရထားခရီးစဉ်များနှင့် မြို့ပတ်ရ ထားခရီးစဉ်များတွင် ထပ်မံအစား ထိုး ပြေးဆွဲပေးမည်ဖြစ်ကြောင်းလည်း သိရသည်
7daydaily
No comments:
Post a Comment