Friday, September 18, 2015

ကျောက်စိမ်း၊ကျောက်မျက်ရတနာလုပ်ငန်းရှင်များရုံးမုံရွာတွင်ဖွင့်လှစ်မည်

 မုံရွာမြို့နယ် ကျောက်စိမ်း ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်းရုံးခန်းကို မုံရွာမြို့ ဆူး လေကုန်းရပ်ကွက် ဈေးလမ်းနှင့် နယားပျံလမ်းထောင့်၌ စက်တင်ဘာ ၁၉ ရက်တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘မုံရွာမြို့နယ် ကျောက်စိမ်း ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်းကို ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်း တရားဝင်ဖွဲ့စည်းခဲ့တယ်။အခု အသင်းရုံးခန်း ဖွင့်ပြီးရင် ကျောက်မျက်ဈေး ဖွင့်လှစ်နိုင် အောင် သက်ဆိုင်ရာကို တင်ပြ သွားမယ်’’ဟု မုံရွာမြို့နယ် ကျောက်စိမ်းကျောက်မျက်ရတနာလုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ရင်က ပြောသည်။

မုံရွာမြို့နယ် ကျောက်စိမ်း နှင့် ကျောက်မျက်ရတနာလုပ်ငန်း ရှင်များအသင်းတွင် အသင်းဝင် ၁၃၀ ကျော်ရှိပြီး ယခင်က နေအိမ်များ၊ လက်ဖက်ရည်ဆိုင်များ၌ ကျောက်စိမ်းနှင့် ကျောက်မျက် ရတနာများ အရောင်းအ၀ယ်ပြု လုပ်ခဲ့ကြသည်။ ယခုအခါ မုံရွာမြို့နယ်အတွင်း ကျောက်စိမ်းနှင့် ကျောက်မျက် ပစ္စည်းများ ဈေး ကွက်ပီပြင်လာစေရန်နှင့် ကျောက်မျက်ရတနာဈေးအဖြစ် ဖွင့်လှစ် ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက် နေခြင်း ဖြစ်သည်။

‘‘အဓိကက ကျောက်စိမ်း၊ မိုး ကုတ်ကျောက်မျက်ဖြစ်တဲ့ ပတ္တ မြား၊ နီလာကို အကြမ်းထည်ကနေအချောထည် လက်ဝတ်ရတနာ လုပ်တဲ့သူတွေပါမယ်။ ကျောက် အကြမ်းထည်ကနေ ဈေးကွက်ဝင် အချောထည်ထုတ်ပြီးရင်တော့ မုံရွာမှာ ကျောက်မျက်ဈေးတစ်ခု တော့ လိုအပ်နေပြီ’’ဟု မုံရွာဒေသ ခံ ကျောက်မျက်ရတနာလုပ်ငန်း ရှင်တစ်ဦးက ပြောသည်။

ကျောက်စိမ်းနှင့် ကျောက် မျက်ရတနာစိတ်ပါဝင်စားသူများ သည် မုံရွာမြို့နယ် ကျောက်စိမ်း နှင့် ကျောက်မျက်ရတနာလုပ်ငန်း ရှင်များ အသင်းဝင်အဖြစ် မှတ်ပုံ တင် မိတ္တူတစ်စောင်၊ ပတ်စ်ပို့ ဓာတ်ပုံနှစ်ပုံ၊ အသင်းဝင်ကြေး ကျပ်တစ်သောင်း၊ နှစ်စဉ်ကြေး ကျပ် ငါးထောင်ဖြင့် မုံရွာမြို့ ဆူးလေကုန်းရပ်ကွက်ရှိ မုံရွာမြို့နယ် ကျောက်စိမ်းကျောက်မျက်ရတ နာလုပ်ငန်းရှင်များအသင်းရုံးတွင် လျှောက်ထားနိုင်ကြောင်း သတင်းရရှိသည်
7daydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...