Tuesday, September 22, 2015

သမ္မတအိမ်တော်မှအလံကိုအတွင်းခံနဲ့လဲလှယ်ဆန္ဒပြ

ချက်နိုင်ငံမှ ဆန္ဒပြသူ အုပ်စုတစ်ခုသည် သမ္မတ အိမ်တော်တွင် လွှင့်ထားသည့် အလံကို အောက်ခံ ဘောင်းဘီများနှင့် လဲလှယ်တပ်ဆင်ကာ ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခဲ့သည်။

အဆိုပါအုပ်စုမှာ အနုပညာအဖွဲ့ တစ်ခုဖြစ်ပြီး၊ လူသုံးဦးမှာ သမ္မတ အိမ်တော် ခေါင်းမိုးပေါ်သို့ မီးခိုးခေါင်းတိုင် သန့်ရှင်းရေး လုပ်သားများအဖြစ် ၀တ်ဆင်ကာ စနေနေ့က တက်ရောက်ခဲ့ပြီးနောက် အလံနေရာတွင် အောက်ခံ အ၀တ်အစားများ လဲခဲ့ကြခြင်း ဖြစ်သည်။ Ztohoven ဆိုသည့် ထိုအုပ်စုက ၎င်းတို့၏ အောက်ခံ အ၀တ်အစား အလံသစ်မှာ နိုင်ငံတော် သင်္ကေတများကို တမင် မလေးမစားလုပ်ခြင်း ဖြစ်ကြောင်းဆိုသည်။ ၎င်းတို့၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင်လည်း ဆန္ဒပြ ကန့်ကွက်ရသည့် အကြောင်းများကို ဖော်ပြခဲ့ပြီး သမ္မတ မီလိုစ်ဇီမန်မှာ အာဏာရှင် ဖြစ်လာနိုင်သူများကို ထောက်ခံခြင်း၊ မသန်စွမ်း ကလေးများနှင့် ရိုးရိုးကလေးများကို တွဲဖက်ပြီး စာသင်ကြားခွင့်ပေးခြင်းတို့ကြောင့် ဖြစ်ကြောင်း ဆိုသည်။

အဆိုပါဘောင်းဘီတွင် အနီရောင် ပါဝင်ခြင်းမှာ မစ္စတာဇီမန်နှင့် တရုတ် အစိုးရကြား ဆက်ဆံရေး နီးစပ်ခြင်းကို ဖော်ညွှန်း လှောင်ထားခြင်း ဖြစ်ကြောင်း အဖွဲ့က ထုတ်ဖော်ထားသည်။ မစ္စတာဇီမန်သည် ယခင်ကလည်း ရုရှားနှင့် ယူကရိန်း ပဋိပက္ခတွင် ရုရှားကို ထောက်ခံမှု ပေးခဲ့သဖြင့် ဆန္ဒပြသူများက ကြက်ဥဖြင့် ပေါက်ကာ ကန့်ကွက်ခြင်း ခံခဲ့ရဖူးသည်။ ယခုအခါ ချက်ရဲတပ်ဖွဲ့သည် အဆိုပါဆန္ဒပြ အုပ်စုကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဖြစ်ကြောင်း သိရသည်။


Credit : messenger

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...