Tuesday, September 8, 2015

ကားထဲလူ၅၁ဦးဝင်အောင်ပြုလုပ်

၁၉၇၄က ထုတ်လုပ်ခဲ့တဲ့ အပျော်စီး ခရီးသွား ကားငယ်လေး တစ်စီးထဲကို လူ ( ၅၁) ယောက် ၀င်အောင်ပြုလုပ် နိုင်သဖြင့် စံချိန်သစ် တင်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဗောက်စ်ဝက်ဂွန်က ထုတ်လုပ်တဲ့ VM Cam-pervan ထဲကို (၅၁) ယောက် ၀င်အောင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

 ဒီကားပာာ အရင်တုန်းက အလွန် ကျော်ကြားခဲ့ပြီး ပေါင်မုန့် ပုံစံရှိတာကြောင့် ပေါင်မုန့်ကားလို့လည်း ခေါ်ဆိုကြပါတယ်။ က္ဘာတစ်ဝန်း မှာ ဒီကားကိုစီးကြတဲ့သူ (၂၅၀၀၀)ကျော် ရှိနေဆဲ ဖြစ်ပါတယ်။ ဒီကားကို ချစ်မြတ်နိုးသူတွေ စုပေါင်းပြီး အထိမ်းအမှတ်ပွဲ ပြုလုပ်ခဲ့ရာ ဒီကားပိုင်ဆိုင်ထားသူ (၅၀၀၀) နီးပါး လာရောက်ခဲ့ပါတယ်။

ဒီပွဲတော်မှာ ကင်ဆာရောဂါ ခံစားနေရတဲ့ ကလေးသူငယ်တွေ အတွက် ရန်ပုံငွေရှာတဲ့ အနေနဲ့ ကားထဲကို လူ ( ၅၁) ယောက် ၀င်ပြခဲ့ခြင်း ဖြစ်ပါတယ်။ ကားရှေ့ခန်း၊နောက်ခန်းစတဲ့ နေရာလွတ် မရှိအောင် ၀င်ရောက် နေရာယူတာ အံ့အားသင့်ဖွယ် ကောင်းအောင် လူ( ၅၁) ယောက် ၀င်ရောက်ပြီး ပြုလုပ်နိုင်ခဲ့ပါတယ်။


messenger news journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...