Thursday, September 10, 2015
ဆီးရီးယားရှိISအဖွဲ့အားလေးကြောင်းထိုးစစ်ဆင်ရန်စီစဉ်
ဆီးရီးယားရှိ အစ္စလာမ် နိုင်ငံတော် (IS) အကြမ်းဖက်အဖွဲ့အား လေကြောင်းမှ ထိုးစစ်ဆင်ရန် အတွက် ပြင်ဆင်မှုများ ပြုလုပ်ဖို့ ပြင်သစ်သမ္မတ ဖရန်ဆွာ သြော်လွန်က ညွှန်ကြားလိုက်ပြီ ဖြစ်သည်။
တိုက်ခိုက်မှုများ ပြုလုပ်ရန်အတွက် ပြင်သစ်သည် အင်္ဂါနေ့တွင် မြေပြင်အနေအထား လေ့လာမှုပြုလုပ်သည့် လေယာဉ်များကို စေလွှတ်မည် ဖြစ်ကြောင်း သြော်လွန်က ပြောဆိုခဲ့သည်။ သို့သော် ဆီးရီးယားသို့ ကြည်းတပ်များ စေလွှတ်မည် မဟုတ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
ပြင်သစ် အပါအ၀င် နိုင်ငံတချို့တွင် အကြမ်းဖက်မှုများပြုလုပ်ရန် IS အကြမ်းဖက်အဖွဲ့က ဆီးရီးယားမှတစ်ဆင့် ပြင်ဆင်ခဲ့ကြောင်း သြော်လွန်က ပါရီ၌ တစ်နှစ်နှစ်ကြိမ် ပြုလုပ်နေကျ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
၎င်းအနေနှင့် နိုင်ငံအား ခြိမ်းခြောက်နေသည့် အန္တရာယ်များကို သိရှိရေးအတွက် ကြိုးပမ်းခဲ့ကြောင်း၊ လေကြောင်း ထိုးစစ် ပြုလုပ်နိုင်ရန် အတွက် အင်္ဂါနေ့မှစပြီး ဆီး ရီးယားသို့ ကင်းထောက်လေယာဉ်များ စေလွှတ်မည်ဖြစ်ကြောင်း သြော်လွန်က ပြောဆိုခဲ့သည်။
ပြင်သစ်သည် ဆီးရီးယားသို့ ကြည်းတပ်များကို စေလွှတ်မည် မဟုတ်သော်လည်း ဆီးရီးယားသမ္မတ ဘားရှား အယ်လ်-အာဆတ် မပါဝင်သည့် နိုင်ငံရေးအရ အသွင်ကူးပြောင်းမှု အကောင်အထည် ပေါ်ရေးကိုမူ ဆက်လက် လုပ်ဆောင် နေမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
credit===BBC
Subscribe to:
Post Comments (Atom)
No comments:
Post a Comment