Saturday, September 19, 2015

ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတတ်စေရန်မြန်မာအပါအဝင်အိမ်နီးချင်းနိုင်ငံများပူးပေါင်း

မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့သည် ဒေသအချင်းချင်း နိုင်ငံခြားခရီး သွားဧည့်သည်အဝင်များအောင် ဆွဲဆောင်နိုင်ရေးနှင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးရေး ပူးပေါင်းဆောင် ရွက်ရေးအတွက် ဗီယက်နမ်နိုင်ငံ၌ စက်တင်ဘာ ၉ ရက်က သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။


ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် စက်တင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်က (၁၁)ကြိမ်မြောက်အပြည် ပြည်ဆိုင်ရာ ခရီးသွားပြပွဲကျင်းပခဲ့ပြီး ယင်းပြပွဲသို့ ဒေသတွင်းနိုင်ငံ များလာရောက်စဉ် ဗီယက်နမ် နိုင်ငံက တစ်နိုင်ငံစီကို သီးခြားတွေ့ဆုံကာ လက်မှတ်ရေးထိုးခဲ့သည်။

ဒေသတွင်းနိုင်ငံအချင်းချင်း ခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒ များ၊ လုပ်ငန်းများဖလှယ်ခြင်း၊ ခရီးသွား ကဏ္ဍတွင် လူသားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ခရီးသွားလုပ်ငန်းမြှင့်တင်ခြင်းဆိုင်ရာလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန်ရည်ရွယ်ကာ ငါးနိုင်ငံ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်သည်။

‘‘ACMECS (ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြန်မာ ငါးနိုင်ငံ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်း) အဖွဲ့ဝင်နိုင်ငံတွေ အချင်းချင်း ပိုမိုရင်းနှီးပြီး လိုအပ်ချက်တွေကိုလည်း သိနားလည်ကာ ဒေသတစ် ခုချင်းစီရဲ့ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုး တက်ဖို့အတွက် ကူညီဆောင်ရွက် နိုင်မှာဖြစ်ပါတယ်’’ဟု ဗီယက်နမ် နိုင်ငံယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားဝန်ကြီးဌာနဝန်ကြီး ဟွမ် တွမ်အန်းက ပြောသည်။

ပြီးခဲ့သည့်နှစ်က ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံများသို့ နိုင်ငံခြားဧည့်သည် စုစုပေါင်း ၁၉ ဒသမ ၆ သန်း ဝင်ရောက်ခဲ့ကာ ဗီယက်နမ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရသေးသည့် ထိုင်းနိုင်ငံသို့ နိုင်ငံခြားဧည့် သည် ၂၅ သန်း ဝင်ရောက်ခဲ့သည်။ လက်ရှိတွင် မြန်မာနိုင်ငံသည် ဒေသတွင်း နိုင်ငံများအကြား ခရီးသွားများအား ဆွဲဆောင်နိုင်မည့် နေရာသစ်တစ်ခုအဖြစ် ရပ်တည် လျက်ရှိသည်။

—Ref: Saigon.gpdaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...