Thursday, September 17, 2015

ဘတ်စ်ကားများမထွက်၍စာမေးပွဲခန်းနောက်ကျသောကျောင်းသာများအားဖြေဆိုခွင့်ပြုမည်

ဘတ်စ်ကားလိုင်းများ မပြေးဆွဲသောကြောင့် စာမေးပွဲ ခန်းသို့ အချိန်မီမရောက်ရှိသော တက္ကသိုလ်ကျောင်းသားများအားစာမေးပွဲဖြေဆိုခွင့်ပြုမည်ဖြစ်ပြီး ကြို/ပို့ယာဉ်များပြေးဆွဲပေးရန် စီစဉ်ထားကြောင်း သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးမှ သတင်းရ ရှိသည်။

တက္ကသိုလ်များသို့ မော် တော်ယာဉ်လိုင်းများဝင်ရောက် ပြေးဆွဲခြင်းမရှိသောကြောင့် အ တန်းတင်စာမေးပွဲဖြေဆိုရန် လာ ရောက်ကြသည့် တက္ကသိုလ် ကျောင်းသားများစာမေးပွဲခန်းသို့ အချိန်မီမရောက်ရှိခဲ့ကြကြောင်း တက္ကသိုလ်ကျောင်းသားများက ဆိုသည်။

‘‘ကားက တော်တော်ရှား သွားတော့ စာမေးပွဲဖြေမယ့် ကျောင်းသားတွေအတွက် တော် တော်အခက်အခဲဖြစ်ကြတယ်။ ကျောင်းကို လာတဲ့သူရော၊ ပြန် တဲ့သူရော လိုင်းကားတွေမရှိလို့ ဒုက္ခရောက်ကြတယ်’’ဟု ဒဂုံတက္ကသိုလ်မှ ဒုတိယနှစ်ကျောင်းသား တစ်ဦးက ပြောသည်။

 မော်တော်ယာဉ်လိုင်းများ မပြေးဆွဲခြင်းကြောင့် နည်းပညာ တက္ကသိုလ် (သန်လျင်) စာမေးပွဲခန်းသို့ အချိန်မီမရောက်ရှိဘဲ နောက်ကျမှ ရောက်ရှိလာသည့် ကျောင်းသားများအား ဖြေဆိုခွင့်ပြုခြင်းနှင့် ကြို/ပို့ယာဉ်များစီစဉ်ပေးခြင်းတို့ ပြုလုပ်ပေးလျက်ရှိသည်။


‘‘ကျောင်းကနေ ကြို/ပို့ကား တွေ စီစဉ်ပေးတဲ့အခါကျတော့ ကလေးတွေ သိပ်နောက်မကျ လိုက်ဘူး။ နာရီဝက်လောက်ပဲ နောက်ကျပါတယ်။ နာရီဝက် လောက်ကို အခန်းထဲကို စာမေးပွဲ ဖြေခွင့်ပေးပါတယ်။ နောက်ရက် တွေမှာလည်း ကြို/ပို့စီစဉ်ပေးဖို့ရှိပါတယ်’’ဟု နည်းပညာတက္ကသိုလ် (သန်လျင်)ပါမောက္ခချုပ်ဒေါက်တာကေသီလွင်က ပြောသည်။

 ဒဂုံတက္ကသိုလ်အတွင်းသို့ မော်တော်ယာဉ်လိုင်းများ ၀င် ရောက်ခြင်းမရှိသောကြောင့် စာ မေးပွဲဖြေဆိုမည့် ကျောင်းသား များ တက္ကသိုလ်အတွင်းသို့ ခြေ လျင်ဝင်ရောက်ခဲ့ကြရပြီး နောက် ကျမှ ရောက်ရှိခဲ့၍ ဖြေဆိုခွင့်မရရှိခဲ့ကြောင်း သိရသည်။

‘‘ဒဏ်ကြေးကြောင့် လိုင်း ကားတွေ မထွက်တော့ လှိုင်သာ ယာတို့၊ သန်လျင်က ကျောင်းသားတွေက လိုင်းကားမရှိဘူး။ တချို့ ဆို အိမ်ကနေ ကျောင်းကိုမလာရ တဲ့ ကျောင်းသားတွေရှိတယ်။ လာပြီးမှ စာမေးပွဲခန်းထဲကို အရမ်း နောက်ကျတဲ့ ကျောင်းသားတွေရှိ တယ်။ ကားတွေက ကျောင်းထဲ မ၀င်တော့ ကျောင်းထဲကို လမ်း လျှောက်ဝင်ရတယ်။ ဖြေခွင့်မရတဲ့ကျောင်းသားတွေအတွက် ကျောင်းသားသမဂ္ဂက ဒုပါချုပ်နဲ့ သွားတွေ့ ပြီးတော့ ဆွေးနွေးတယ်။ သူတို့က အစည်းအဝေးထိုင်ပြီးတော့ ဆုံး ဖြတ်ပေးမယ်ပြောတယ်’’ဟု ဒဂုံ တက္ကသိုလ်ကျောင်းသားသမဂ္ဂပြန်ကြားရေးတာဝန်ခံ ကိုဖိုးသား က ပြောသည်။

ဒဂုံတက္ကသိုလ်သို့ စာမေးပွဲ လာရောက်ဖြေဆိုမည့် ကျောင်း သားများအတွက် ဖယ်ရီကားများကို တက္ကသိုလ်သို့ ရောက်ရှိပြီးပါက ၇/၈ လမ်းဆုံတွင် တက္ကသိုလ်အတွင်းသို့ ကြို/ပို့ပြုလုပ်ပေးရန် စီ စဉ်ထားကြောင်း ဒဂုံတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 ရန်ကုန်အရှေ့ပိုင်းတက္က သိုလ် (တာဝ)တွင်လည်း ကြို/ပို့ ယာဉ်များစီစဉ်ပေးသောကြောင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသား များအဆင်ပြေသွားကြောင်း အ ဆိုပါတက္ကသိုလ်မှ ပါမောက္ခတစ် ဦးက ပြောသည်
7daydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...