Monday, September 7, 2015

ဗြိတိန်အိမ်ထောင်သည်များမိမိအိမ်ထောင်ဘက်၏ဝင်ငွေမသိရှိ

ဗြိတိန်ရှိ အိမ်ထောင်ရှင် ဇနီးမောင်နှံများသည် ဘ၀တစ်ခုကို အတူတည်ထောင် ထားသော်လည်း ဘဏ်တွင် အပ်နှံထားသည့် ငွေစာရင်းနှင့်  ပတ်သက်၍မူ သတင်းမျှဝေရန်  တွန့်ဆုတ် နေတတ်ကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြထားသည်။

အိမ်ထောင်ရှင် ဇနီးမောင်နှံ ထက်ဝက်ခန့်သည် အိမ်ထောင်ဘက် လစာမည် မျှရသည်ကို မသိရှိကြကြောင်း စစ်တမ်း တစ်ခုတွင် ဖော်ပြထားသည်။ စစ်တမ်းဖြေဆိုသူ (၅၆) ရာခိုင်နှုန်းကသာ အိမ်ထောင်ဘက် လစာမည်မျှရသည်ကို သိရှိကြကြောင်း ပြောဆိုခဲ့သည်ဟု လူ (၂၀၀၀) ကို လေ့လာခဲ့သည့် စစ်တမ်းအရ သိရသည်။

အမျိုးသမီးများသည် လစာနှင့် ပတ်သက်လျှင် ပိုမိုတိကျ သေချာကြကြောင်း စစ်တမ်းတွင်ေ ဖ်ာပြထားသည်။ အမျိုးသမီး (၆၀) ရာခိုင်နှုန်းက ခင်ပွန်း၏လစာကို သိရှိကြောင်း ပြောဆိုခဲ့သည်။ အမျိုးသား (၅၂) ရာခိုင်နှုန်းကသာ ဇနီး၏လစာကို သိသည်ဟု ပြောဆိုခဲ့သည်။

စုံတွဲများသည် အတူနေထိုင်မည်၊ စေ့စပ်မည်တို့ကို ဆုံးဖြတ်ခါနီးတွင် ငွေကြေး အကြောင်း ဆွေးနွေးရန် ပိုမိုတွန့်ဆုတ် တတ်ကြကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။ စုံတွဲ သုံးပုံနှစ်ပုံထက် နည်းသော ဦးရေကသာ လက်မထပ်မီတွင် လစာရရှိမှု အခြေအနေကို ဆွေးနွေးတတ်ကြောင်း စစ်တမ်း၌ တွေ့ရှိခဲ့သည်။

ထို့ပြင် စစ်တမ်းဖြေဆိုသူ လေးပုံတစ်ပုံက ကြင်ဖော်ကြင်ဖက်တွင် အကြွေးမရှိဟု ယူဆတတ်ကြ ပြန်သည်။ စစ်တမ်းကို ဘဏ္ဍာရေးဆိုင်ရာ ကုမ္ပဏီ Noddle က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဗြိတိန်သည် တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ငွေကြေးနှင့် ပတ်သက်လျှင် ဆွေးနွေးပြောဆိုရန် ရှက်ကြောက်နေဆဲ ဖြစ်ကြောင်း Noddle မှ ဂျက်ကလင်းဒူဝီ ကပြောဆိုခဲ့သည်။

ဖိုးသူတော်(www.phothutaw.com)
Credit : messenger

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...