Friday, September 18, 2015

ပဲခူးတိုင်းထေသကြီးတွင်ကရင်တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦးရွေးချယ်ခွင့်ရမည်

အထွေထွေရွေးကောက်ပွဲ တွင် ပဲခူးတိုင်းဒေသကြီးရှိ ကရင် တိုင်းရင်းသားများအနေဖြင့် တိုင်း ရင်းသား ကိုယ်စားလှယ်တစ်ဦး ရွေးချယ်မဲပေးခွင့်ရှိမည်ဖြစ် ကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီးတွင် ကရင်တိုင်းရင်းသား လူဦးရေ သည် မဲပေးနိုင်သော လူဦးရေ၏ ၁ ရာခိုင်နှုန်းရှိသောကြောင့် ယခုကဲ့သို့ ကရင်တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦးအား ရွေးချယ်မဲပေးခွင့်ရရှိခြင်းဖြစ်ကြောင်း ပြည်မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောသည်။

‘‘ဒီဒေသမှာရှိတဲ့ ကရင်လူ မျိုးတွေအတွက် ကရင်တိုင်းရင်း သားကိုယ်စားလှယ်တစ်ဦး ရွေး ချယ်ပေးခွင့်ရှိတယ်။ ကရင်တိုင်း ရင်းသားများသာ မဲပေးရမှာဖြစ် ပြီး ပဲခူးတိုင်းဒေသကြီးတစ်ခုလုံး မှာ တစ်ဦးရွေးချယ်ခွင့်ရမယ်’’ဟု ပြည်မြို့နယ် ရွေးကောက်ပွဲကော် မရှင်ဥက္ကဋ္ဌဦးအောင်မြင့်က ပြော သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ကရင်တိုင်းရင်းသား ကိုယ်စား လှယ်အဖြစ် ၀င်ရောက်ရွေးချယ် ခံမည့်သူ ခုနစ်ဦးရှိပြီး ကရင်အ မျိုးသားပါတီမှ ဦးစောကပေါ်မူး၊ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီမှ ဦးစောငြိမ်းအောင်၊ ဖားစည်အမှတ်တံဆိပ်ဖြင့် ဦးစော ဂျူဘလီစံလှ၊ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ ဒေါ်နော်ပွယ် ဆေး၊ တောင်သူလယ်သမား ဖွံ့ ဖြိုးတိုးတက်ရေးပါတီမှ ဒေါ်နော် အေးစံပယ်၊ NDF ပါတီမှ ဒေါ်နော်အဲအယ်ဖိုးနှင့် ပြည်ခိုင်ဖြိုးပါတီမှ ဦးစောအောင်ဇေယျတို့ ဖြစ်သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ကရင်တိုင်းရင်းသားများရှိရာ ဒေသများရှိ မဲရုံများတွင် ကရင် တိုင်းရင်းသားကိုယ်စားလှယ် လောင်း ခုနစ်ဦးပါဝင်သော မဲ လက်မှတ်များ၊ မဲပုံးများထားရှိ ပေးထားမည်ဖြစ်ပြီး ကရင်တိုင်း ရင်းသားများအနေဖြင့် တိုင်းရင်း

သားကိုယ်စားလှယ်တစ်ဦးအား ရွေးချယ်မဲပေးနိုင်မည်ဖြစ်ကြောင်း ပြည်မြို့နယ်ရွေးကောက် ပွဲကော်မရှင်ရုံးမှ သိရသည်
7daydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...