Sunday, September 13, 2015

အစိုးရမဖွဲ့နိုင်တဲ့တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများအားမဲမပေးရန်ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

တစ်သီးပုဂ္ဂလလွှတ် တော်ကိုယ်စားလှယ်လောင်းများ သည် အစိုးရမဖွဲ့နိုင်သည့်အတွက် ၎င်းတို့ကို မဲပေးမည့်အစား အစိုး ရဖွဲ့နိုင်မည့်ပါတီကိုသာ မဲပေးရန် ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။

‘‘အခုဆိုရင် တချို့တွေက တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ကြ ပါတယ်။ တစ်သီးပုဂ္ဂလဆိုတာ အစိုရဖွဲ့လို့မရပါဘူး။ တစ်သီးပုဂ္ဂ လတွေဟာ အစိုးရဖွဲ့လို့မရတာ ကြောင့်မို့ တစ်သီးပုဂ္ဂလတွေအ တွက် မဲပေးမယ့်အစား အစိုးရဖွဲ့ မယ့်ပါတီတွေကိုပဲ မဲပေးစေချင် ပါတယ်။ ဒါမှ ကိုယ့်ရဲ့မဲတွေက တန်ဖိုးရှိမှာပါ။ ကိုယ့်ရဲ့မဲတွေကို တန်ဖိုးရှိအောင် လုပ်ကြပါ’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။စက်တင်ဘာ ၁၂ ရက်က ကယားပြည်နယ် ရှားတောမြို့ နယ်၌ ပြုလုပ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ မဲဆွယ် စည်းရုံးမှု ဟောပြောပွဲတွင် ဒေါ် အောင်ဆန်းစုကြည်က အထက် ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ် သည်။

အဆိုပါ ရှားတောမြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် တွင် သမ္မတရုံးပြည်ထောင်စုဝန် ကြီး ဦးအောင်မင်းက တစ်သီးပုဂ္ဂ လကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ရှားတောမြို့နယ်တွင် ဟော ပြောရာ၌ မက်လုံးပေး မဲဆွယ် သည့်သူများအား မိမိတို့၏တန်ဖိုး ရှိသော မဲများကို မပေးကြရန် လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

       အဆိုပါမြို့တွင် ဒေသခံပြည်သူအချို့သည် ဗမာစကားမတတ်သည့်အတွက် ဒေသခံပါတီဝင်တစ်ဦး၏ဘာသာပြန်မှု အကူအညီကိုယူကာ ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်လာသူ ပြည်သူများနှင့် အမေးအဖြေများ ပြုလုပ်ခဲ့သည်။

ဒေသခံပြည်သူများက ဒေါ် အောင်ဆန်းစုကြည်တို့ဒီချုပ်အ နိုင်ရရှိပါက လုပ်ဆောင်ပေးမည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ကို မေးမြန်းခြင်း၊ တိုင်းရင်းသား များ လျစ်လျူရှုခံနေရခြင်းတို့ ခံ စားနေရသဖြင့် ယင်းခံစားချက်ကို ပျောက်ကွယ်အောင် ဒီချုပ်က ဆောင်ရွက်ပေးမည့် ပုံစံနှင့် စား ဝတ်နေရေး မပြေလည်မှုများကို ဖြေရှင်းပေးနိုင်ရန် မေးမြန်းတင်ပြ မှုများ ပြုလုပ်ခဲ့သည်။

ဒီချုပ်သည် ပြည်သူများအား မတည်နိုင်သည့်ကတိများမပေး သော်လည်း ပြည်သူများလိုလား တောင့်တသည့် ပြုပြင်ပြောင်းလဲ ရေးနှင့် ပြည်သူများ၏စားဝတ်နေ ရေးတို့တွင် တစ်ဦးချင်း သိက္ခာရှိ ရှိနေနိုင်ရန် ကြိုစားမည်ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောကြား သည်။

ရှားတောမြို့နယ်သည် က ယားပြည်နယ် မြို့တော် လွိုင် ကော်မြို့မှ မိုင် ၆၀ ခန့်ကွာဝေးပြီး တယ်လီဖုန်းဆက်သွယ်ရေးမရှိ ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ကြသည့် ကိုယ်စားလှယ် လောင်းများတွင် မျက်နှာပင်မမြင် ဖူးသူများ ရှိသောကြောင့် မဲပေးရမည့်သူကို မရွေးချယ်ရသေး ကြောင်း၊ ဒေသအတွက် ဆက် သွယ်ရေးအဆင်ပြေအောင် လုပ် ဆောင်ပေးမည့် သူများကိုသာ လိုချင်ကြောင်း ရှားတောဒေသခံ ဦးစိုးမောင်က ပြောသည်။

ယင်းရှားတော မဲဆန္ဒနယ် သည် မဲပေးနိုင်သူ ဦးရေ သုံး ထောင်ကျော်သာ ရှိသောကြောင့် ဝင်ရောက်ယှဉ်ပြိုင်သူများအနေ ဖြင့် အနိုင်ရရှိရန် လွယ်ကူကြောင်း ကယားပြည်နယ်ဒေသခံပါတီများ ထံမှ သိရသည်။

‘‘ဒီမှာတော့ ပြည်နယ်ကသာ ကျဉ်းတာ ဝင်ပြိုင်တဲ့သူတွေက အများကြီးပဲ။ နိုင်ခြေများတဲ့အ တွက် တချို့ဆို တစ်သီးပုဂ္ဂလ အနေနဲ့ ဝင်ပြိုင်လာကြတယ်’’ ဟု ကယန်းအမျိုးသားပါတီ အထွေ ထွေအတွင်းရေးမှူး ဦးနန်းရီက ပြောသည်။

ကယားပြည်နယ်ရှိ မဲဆန္ဒ နယ်များတွင် ဝင်ရောက်ယှဉ်ပြိုင် ခြင်းသည် ပြည်ထောင်စု လွှတ် တော်အတွင်း လွှတ်တော်ကိုယ် စားလှယ်ဦးရေ တောင့်တင်းစေ ရန်နှင့် ဗဟိုအစိုးရဖွဲ့စည်းနိုင်ရေး အတွက် ရည်ရွယ်သောကြောင့် ဟု ဒေါ်အောင်ဆန်းစုကြည်က ကယားပြည်နယ် မဲဆွယ်စည်းရုံး ရေးခရီးစဉ်အတွင်း ပြောကြားခဲ့ သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် ပထမဦးဆုံးမဲဆွယ်စည်း ရုံးရေးခရီးစဉ်အဖြစ် ကယားပြည် နယ်သို့ ယခုလ ၁၀ ရက်မှ ၁၂ ရက်အထိ သုံးရက်ကြာ သွား ရောက်ခဲ့ပြီး ဒီးမော့ဆို၊ ဖရူးဆို၊ ဘော်လခဲ၊ ဖားဆောင်း၊ ရှားတောမြို့နယ်များသို့ သွားရောက်ခဲ့သည်။

ကယားပြည်နယ်ရှိ ဘော်လ ခဲမြို့နယ်တွင် အမျိုးသားလွှတ် တော်ကိုယ်စားလှယ်နေရာ၌ သမ္မ တရုံးပြည်ထောင်စုဝန်ကြီး ဦးစိုး သိမ်းက တစ်သီးပုဂ္ဂလကိုယ်စား လှယ်အဖြစ်လည်းကောင်း၊ ရှား တောမြို့နယ်တွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်နေရာ တွင် သမ္မတရုံးပြည်ထောင်စုဝန် ကြီးဦးအောင်မင်းက တစ်သီးပုဂ္ဂ လကိုယ်စားလှယ်အဖြစ် လည်း ကောင်း အသီးသီး ဝင်ရောက်ယှဉ် ပြိုင်ကြမည် ဖြစ်သည်
7daydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...