ဖားကန့်မြို့တွင် ကုန်စုံ ဆိုင်တစ်ဆိုင်၌ ၀ိုင်ယာရှော့ခ်ဖြစ် ကာ မီးစတင်လောင်ကျွမ်းပြီး အ ဆောက်အအုံနှစ်လုံး ဆုံးရှုံးခဲ့သည်ဟု မြို့နယ်ရဲစခန်းမှ သတင်းရရှိ သည်။
ဖားကန့်မြို့ မှော်ဝမ်းရပ် ကွက်ရှိ ငြိမ်းကမ္ဘာကုန်စုံဆိုင်မှ စက်တင်ဘာ ၁၃ ရက် ညနေ ၄ နာရီခန့်တွင် မီးစတင်လောင်ကျွမ်း ကာ ဘေးချင်းကပ်နေသည့် ကုန် စုံဆိုင်တစ်ဆိုင်ပါ မီးလောင်ဆုံးရှုံး ခဲ့သည်ဟု ဖားကန့်မြို့နယ် ရဲ စခန်းမှူး ဒုရဲမှူးနိုင်ဝင်းက ပြော သည်။
‘‘ညနေ ၄ နာရီက စလောင် တယ်။ ၄၅ မိနစ်လောက်အကြာ မှာ မီးညွန့်ကျိုးတယ်။ ၅ နာရီမှာ မီးငြှိမ်းသတ်နိုင်တယ်။ မီးသတ် ရော၊ စည်ပင်ရော ကျောက်စိမ်း ကုမ္ပဏီတွေက ကားတွေပါခေါ် ပြီး မီးငြှိမ်းသတ်လိုက်တယ်ပေါ့။ အမှုကို အသေးစိတ်စစ်ဆေးနေ တယ်’’ဟု ဒုရဲမှူးနိုင်ဝင်းက ပြော သည်။
မီးလောင်မှုတွင် ဆိုင်ကယ် နှင့် အိမ်သုတ်ဆေးဘူးများပါသွား ခဲ့ပြီး ပျက်စီးမှုတန်ဖိုးကျပ် ၉၂ သိန်း၆ သောင်းရှိသည်ဟု ဖားကန့်မြို့ နယ် မီးသတ်ဦးစီးဌာနက သတင်း ထုတ်ပြန်သည်။ အဆိုပါ အိမ်နှစ် လုံးမှ မိသားစုဝင် ၁၄ ဦး အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု သတင်း ရရှိသည်
7daydaily
No comments:
Post a Comment